ကိုရီးယား ရေတပ်သင်္ဘော နစ်မြုပ် ခါနီးတွင် မြောက်ကိုရီးယား ရေငုပ် သင်္ဘော ရှိနေခဲ့ဟု ဆိုမှု

alt

မိမိတို့ ရေတပ်သင်္ဘော မနစ်မြုပ်မီ အနီးအနားတွင် မြောက်ကိုရီးယား ရေငုပ် သင်္ဘောတစင်း ရှိနေခဲ့ သည်ဆိုသော သတင်းများအား

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ငြင်းဆန် လိုက်သည်။

တောင်ကိုရီးယား ကင်းလှည့်သင်္ဘော ချိုနန် မတ်လ (၂၆)ရက်နေ့ နစ်မြုပ်စဉ်က အနီးအနားတွင် မသင်္ကာစရာ ရေယာဉ်တစင်းမျှ ရှိမနေခဲ့ဟု ဝန်ကြီးဌာနက ကြေညာသည်။ ရေတပ်သင်္ဘော နစ်မြုပ်မှု အတွက် လတ်တလော ရရှိထားသည့် အချက်အလက် များကို ထုတ်ပြန်ထားသော စာမျက်နှာ (၂၇) မျက်နှာပါ အစီရင် ခံစာတွင် သင်္ဘော နစ်မြုပ်ခါနီး၌ မြောက်ကိုရီးယား ရေငုပ်သင်္ဘော လှုပ်ရှားမှုများ ထောက်လှမ်းသိရှိမှု လုံးဝမရှိကြောင်း အတိအလင်း ဖော်ပြထားသည်။

တန်ချိန်(၁၂၀၀) အလေးချိန်ရှိသော ရေတပ် သင်္ဘော၏ နစ်မြုပ်ရသည့် အကြောင်းရင်း အတိအကျကို မသိရ သေးသော်လည်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ်ရေပြင်တွင် ထောင်ထား သည့် မြောက်ကိုရီးယား ရေမြှုပ်မိုင်း တလုံးကို မတော်တဆ တိုက်မိခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် သင်္ဘောနစ်မြုပ်သည့် နေ့က ရေဒါအတွင်း လျင်မြန်စွာ ရွေ့လျားနေသော အရာဝတ္ထုတခုကို အခြား တောင်ကိုရီးယား စစ်သင်္ဘော တစင်းဖြစ်သည့် ဆော့ချို က ပစ်ခတ်ခဲ့သော်လည်း ယင်းသည် ငှက်အုပ် တအုပ်သာ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသ စံတော်ချိန် ယမန်နေ့ ညနေက နစ်မြုပ်သွားသော သင်္ဘောမှ စီနီယာ အရာရှိတဦး ဖြစ်သော နန်ကင်ဟွန်း၏ ရုပ်အလောင်းအား စတင် ဆယ်ယူရရှိပြီဟု တောင်ကိုရီးယား နိုင်ငံထုတ် ဂျောင်အန်း သတင်းစာတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here