မြန်မာ နိုင်ငံတွင် အွန်လိုင်းဘဏ်​ လုပ်ငန်းစံနစ် စတင်ဟု ဆို

alt

မြန်မာ စစ်အစိုးရပိုင် မြန်မာ့ စီးပွားရေး​ ဘဏ်မှ သောကြာနေ့က ငွေရေးကြေးရေး ဆိုင်ရာ လျှင်မြန်စွာ လုပ်ဆောင်နိုင်ရန် အလို့ငှာ

အွန်လိုင်း ဘဏ်စံနစ် စတင် လိုက်ပြီဟု ဆိုသည်။

ငွေပြောင်း ငွေလွှဲခြင်းနှင့် အတူ စမတ်ကဒ် သုံးစွဲမှု စံနစ်ပါ ပါဝင်သည်ဟု ဘဏ်နှင့် နီးစပ်သူ တဦးက ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားလိုက်သည်။ ထို​ အွန်လိုင်း စံနစ်အား ADSL, IPStar စံနစ်​တို့​ ဖြင့် ဖိုင်ဘာ အော့ပတစ် နည်းပညာသုံးကာ အချိန်ပြည့် ပံ့ပိုးထားပြီး ထိုဘဏ်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်​နေ​သော မြန်မာ့ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဋ္ဌာန တို့ ပူးပေါင်းကာ  ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် စတင်လိုက် သည်ဟု ဆိုသည်။

မြန်မာ့ စီးပွားရေးဘဏ် အဆိုအရ ယင်းအတွေ့အကြံုအား ယခုမှပင် လုပ်ဆောင်ခြင်း မဟုတ်ပဲ ၂၀၀ရ ခုနှစ် ကတည်းကပင် နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ အခွန်တော်ငွေ ပေးဆောင်ခြင်း၊ နိုင်ငံကူးလက်မှတ် ကိစ္စရပ်များ လုပ်ဆောင်ရာတွင် စမ်းသပ် သုံးစွဲနေပြီး ဖြစ်သည်ဟု ဆိုသည်။ အလားတူ အွန်လိုင်းနက်ခ်ဝပ် ချိတ်ဆက် လုပ်ဆောင်မှု ဘဏ်စံနစ်အား ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ် ၆ခုနှင့် အတူတွဲ၍ လုပ်ဆောင်နေသည်ဟု သိရှိရသည်။ အထက်ပါ အွန်လိုင်း စံနစ်တွင် ပူးပေါင်း လုပ်ဆောင်​ နေသော ဘဏ်များမှာ ရိုးမဘဏ်၊ မြန်မာ အမျိုးသားများ ဘဏ်၊ ထွန်းဖေါင်ဒေးရှင်း ဘဏ်၊ မြန်မာ​့ နိုင်ငံခြားငွေ ကုန်သွယ်မှု ဘဏ်၊ မြဝတီဘဏ်​ နှင့် မြန်မာ့ ကုန်ထုတ်လုပ်မှု တိုးတက်ရေးဘဏ်​ တို့ ပါဝင်သည်ဟု သိရှိရသည်။

ထိုအွန်လိုင်း စံနစ်အား နည်းပညာ ပံ့ပိုးကူညီ ဆောင်ရွက်နေသော ကုမ္ပဏီများမှာ MIT နှင့် ဂလိုဘယ်နက်ခ် ကုမ္ပဏီတို့ ဖြစ်သည်ဟု ဆိုသည်။ အွန်လိုင်း ဘဏ်စံနစ်အား မြန်မာ စစ်အစိုးရ၏ ဗဟိုဘဏ်မှ ယခုအခါ ပြည်နယ်နှင့် တိုင်း ၄ခုတွင် ပုဂ္ဂလိက ဘဏ် ၁၅ခုနှင့် အတူ ဖြန့်ကျက်ပူးပေါင်း ဆောင်ရွက်လျှက် ရှိသည်ဟု သိရသည်။

ယင်း အွန်လိုင်း ဘဏ်စံနစ် စတင်​ ခြင်း ကိစ္စရပ်အား နယ်သာလန်နိုင်ငံ မား(စ်)ထရိတ် တက္ကသိုလ်တွင် ဥပဒေ ဘာသာရပ် သင်ကြားနေသော ကိုညီညီထွေး အမြင်အား လူထုအသံမှ မေးမြန်း​ရာတွင် “ကျနော့် အမြင်ကတော့ စေတနာ အမှန်နဲ ့ အားလုံးအတွက် ရည်စူးပြီး လုပ်ရင်​တော့ ဝမ်းသာကြိုဆို ရမှာပါ။ အထူးသဖြင့် နိုင်ငံတကာ စာမေးပွဲတွေကို ဝင်ရောက်ဖြေ​ ဆိုမယ့် ကျောင်းသားတွေ အတွက် ငွေပေးချေ စံနစ် လွယ်ကူလာမယ်။” ဟု​ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here