စတီဖင် ဂျာရတ်အား ကစားသမား အလိုက်ပေး ခေါ်ယူရန် မော်ရင်ညို စဉ်းစားနေ

alt

အင်တာမီလန် နည်းပြ ဟိုဆေး မော်ရင်ညိုသည် လီဗာပူးအသင်းမှ အသင်းခေါင်းဆောင် ကွင်း လယ် ကစားသမား စတီဗင်ဂျာရတ် အား

အသင်းရှိ လူငယ် တိုက်စစ်မှူး မာရီယို ဘာလော့ တယ်လီ နှင့် အလိုက်ပေး ခေါ်ယူသွားရန် စဉ်းစား နေကြောင်း သိရှိရသည်။

အင်္ဂလန် လက်ရွေးစင် ဂျာရတ်သည် မော်ရင်ညို အနှစ်သက်ဆုံး ကစားသမား တဦးဖြစ်ပြီး ၎င်း ချဲလ်ဆီး အား ကိုင်တွယ်နေစဉ် ကတည်းက ခေါ်ယူ ရန် ကြိုးပမ်းခဲ့ဖူးသည်။ အသက် (၁၉)နှစ် အရွယ် ဂါနာဖွား၊ အီတလီလူငယ် တိုက်စစ်မှူးလေး ဘာလော့တယ်လီမှာ ပေါင် စတာလင် (၆၂)သန်းနှင့်မှ ပြောင်းရွှေ့ခွင့် ပြုမည်ဆိုသော အချက်ကို စာချုပ်အတွင်း ထည့်သွင်းချုပ်ဆို ခံထားရသူ ဖြစ် သည်။

အင်တာ ဥက္ကဌ မက်ဆီမို မိုရက်တီ ကိုယ်တိုင် ကလည်း ဘာလော့တယ်လီ ၏ ပရိသတ်တဦး ဖြစ်နေသည့်တိုင် မော်ရင်ညို ကမူ ၎င်းအား ဂျာရတ် အတွက် အလိုက်ပေးသွားရန် စဉ်းစားလျှက် ရှိသည်။ အင်တာသည် အရည်အသွေးရှိ ကွင်းလယ်လူ တဦး အား ဖြည့်တင်းရန် စီစဉ်လျှက် ရှိရာ အသက် (၂၉)နှစ်အရွယ် ဂျာရတ်အပြင် အာဆင်နယ်မှ အသင်းခေါင်းဆောင် ဆက်ဖာ ဘရီဂက် ကိုလည်း စိတ်ဝင်စားလျှက် ရှိသည်။

မော်ရင်ညိုကလည်း နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ထိပ်တန်း ကွင်းလယ်လူ တဦး ခေါ်ယူရေးကို အဓိက ပစ်မှတ် အဖြစ် ရည်စူးထားကြောင်း အတည်ပြု ပြောဆိုသွားခဲ့ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here