ခရစ်တော် ဂျီးဆက်၏ မျက်နှာအား သရီးဒီဖြင့် ပုံဖော်ဖန်တီး

alt

ဒီဂျစ်တယ် အနုပညာ ဖန်တီးသူ တစုတို့သည် 3D နည်းပညာကို အသုံးပြုပြီး ခရစ်တော် ဂျီးဆက်၏ မျက်နှာတော်အား ပုံဖော်ဖန်တီး

တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

၎င်းတို့သည် ခရစ်တော် သေဆုံးပြီးနောက် ခန္ဓာကိုယ်ကို ပတ်ထားသည့် ဝတ်ရုံဟု ယူဆရသည့် အဝတ်မှ ထူးခြားစွာ ထင်ဟပ်နေသော ပုံရိပ်မှ Blueprint ကို ရယူခဲ့ခြင်း ဖြစ်သည်။ ရီနေးဆန့်ခေတ် ပန်းချီ လက်ရာကို အခြေခံ ဖန်တီးထားသည့် 3D ပုံရိပ်အရ ခရစ်တော်သည် အရပ်(၅)ပေ (၈)လက်မ ရှိပြီး အသားအရောင် ညိုမောင်း နိုင်ကြောင်း သိရသည်။

(၆)လကြာ အချိန်ယူ ဖန်တီးပြီးနောက် အမေရိကန် The History Channel တွင် ယခု သီတင်း ပါတ် အတွင်း ထုတ်လွှင့် ပြသခဲ့သည်။ (၁၄)ပေ အရှည်ရှိ ဝတ်ရုံတော် ပိတ်စသည် နှစ်ပေါင်းရာနှင့်ချီ ကြာမြင့်ခဲ့သော သမိုင်းတလျှောက် ခရစ်တော်နှင့် ပတ်သက်ပြီး လေ့လာမှုများ ပြုလုပ်ရာတွင် အများ ဆုံး ကိုးကားခဲ့သည့် အထိမ်းအမှတ် ပစ္စည်းလည်း ဖြစ်သည်။ တူရင်ရှိ အဆိုပါ ပိတ်စရှည်ကို ခရစ်တော်၏ ရုပ်အလောင်းအား ပတ်ထားရာတွင် အသုံးပြုခဲ့သည်ဟု လူပေါင်း များစွာက ယုံကြည်သော်လည်း အလယ်ခေတ်က အတုပြုလုပ်ခဲ့သည့် သာမန် အဝတ်စ တခုသာ ဖြစ်နိုင်ကြောင်း အငြင်းပွားမှု များလည်း ရှိနေသည်။

3D ပညာရှင် ရေးဒေါင်းနင်းက မိမိတို့သည် အဆိုပါ အဝတ်စ တခုတည်းကိုသာ ကိုးကားထားခြင်း မဟုတ်ဘဲ ရီနေးဆန့်ခေတ် လက်ရာပန်းချီကား အတော်များများမှ ခရစ်တော်၏ ရုပ်ပုံ အတော်များများကို 2D နှင့် 3D အမြင်များ အသုံးပြုကာ ကူးယူခဲ့ကြောင်း ပြောကြားသွားသည်။ The Christian Post သတင်းစာနှင့် အင်တာဗျူးတွင် ဒေါင်းနင်းက တူရင်ရှိ ခြံုလွှာတော်တွင် ထင်ကျန်နေသော မျက်နှာပုံရိပ်က Blueprint ထုတ်ရန်အတွက် အလွန် အသုံးဝင်ခဲ့ကြောင်း အတည်ပြုသွားသည်။ ထိုခြံုလွှာကို တူရင် ရှိ ကက်သလစ် ဘုရားကျောင်းတွင် လာမည့် လအတွင်း ပြသ သွားမည်ဖြစ်ရာ သွားရောက်ကြည့်ရှု ဝတ်ပြုမည့်သူ နှစ်သန်းမျှ ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here