အကြမ်းကြုတ်ဆုံး ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိ

alt

ကမ္ဘာ့ အကြမ်းကြုတ်ဆုံး ဒိုင်နိုဆော မျိုးနွယ်စုဟု သတ်မှတ်ထားသည့် တိုင်ရန်နို ဆောရပ် (T.Rex) များ၏ ရှေးဦး မူလရင်းမြစ်

ဒိုင်နိုဆော မျိုးစိတ်တခု၏ ရုပ်ကြွင်းကို ဩစတြေးလျတွင် ရှာဖွေ တွေ့ရှိခဲ့ သည်။ ယင်းသည် ကမ္ဘာ့ နာမည်ကြီး ဒိုင်နိုဆော ဇာတ်ကားများတွင် အဓိက အခန်းကဏ္ဍမှ မကြာခဏ ပါလေ့ရှိသည့် T.Rex မျိုးနွယ်တခု၏ ရုပ်ကြွင်းကို ကမ္ဘာ့ တောင်ဖက်ခြမ်းတွင် သမိုင်းတလျှောက် ပထမဆုံး အကြိမ် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သုတေသန ဗစ်တိုးရီးယားတွင် တွေ့ရှိခဲ့သည့် ဒိုင်နိုဆော တင်ပါးရိုးသည် T.Rex မျိုးနွယ်များ လွန်ခဲ့ သော နှစ်သန်း (၁၁၀)ကျော်က ကမ္ဘာ့ တောင်ခြမ်းတွင်ပါ နေထိုင် ကျက်စားခဲ့ကြောင်း ပထမဆုံး ပြသ နိုင်သည့် သက်သေလည်း ဖြစ်လာခဲ့ရသည်။ ယခင်က အီကွေတာမျဉ်း၏ မြောက်ဖက် ဒေသများတွင် သာ ရှာဖွေ တွေ့ရှိရသည့် T.Rex မျိုးနွယ် ဒိုင်နိုဆော တကောင်၏ ရုပ်ကြွင်းကို ဩစတြေးလျတွင် ဖော်ထုတ်နိုင်ခြင်းသည် သမိုင်းသစ် တခုကို ညွှန်ပြနေကြောင်း ဗြိတိန်နိုင်ငံ၊ ကိန်းဘရစ် တက္ကသိုလ်မှ သုတေသီ ရိုဂျာဘန်ဆင်က ပြောကြားခဲ့သည်။

ယခု တွေ့ရှိသော အရိုးသည် တပေခန့်ရှိပြီး (၁၀)ပေခန့် အရှည်ရှိ T.Rex ဒိုင်နိုဆော တို့၏ ကနဦး မျိုးစိတ် ဒိုင်နိုဆော တကောင်ထံမှ ဖြစ်သည်။ သိပ္ပံပညာရှင်များက NMV P186069 ဟု အမည် ပေးထားသော အဆိုပါ ဒိုင်နိုဆောသည် ခရီတေးယှက် ကာလ အလယ်ပိုင်းလောက် ရှင်သန်ခဲ့ပြီး ထိုကာလတွင် ကမ္ဘာ့မြေပုံသည် တောင်အမေရိက၊ အန္တာတိက၊ အာဖရိက နှင့် ဩစတြေးလျ ဟူ၍ တိုက်ကြီးများ ကွဲပြားသွားခြင်း မရှိသေးကြောင်း ပညာရှင်များက သုံးသပ်ခန့်မှန်း ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here