မိခင်ဖြစ်သူ၏ ကားအား ၃နှစ်သား က မောင်းနှင်သွား

alt

အမေရိကန် နိုင်ငံ၊ ဝစ္စကွန်ဆင် ပြည်နယ်၊ အိုရှာကော့ ရှိ (၃)နှစ်သား ကလေးငယ် တဦးသည် မိခင်၏ ကားအား ယူမောင်းခဲ့ကြောင်း သိရှိရ သည်။

ရဲများက ကလေး၏ မိခင်သည် အိမ်အတွင်း ခေတ္တ ဝင်သွားစဉ် ကလေးငယ်မှာ (၁၉၈၅) ခုနှစ်ထုတ် ဗြု အမျိုးအစား ဆီဒင်ကားအတွင်း အိပ်ပျော် နေသည်ဟု ၎င်းတို့အား ပြောကြားခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့နောက်တွင် မိခင်မရှိခိုက် နိုးလာသော ကလေးငယ်သည် ဆီဒင်ကားကို တက်မောင်းကာ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ကလေး၏ မိခင်က ကားထွက်သံ အသံကြား ရပြီးနောက် ကားနောက်သို့ ပြေးလိုက်ခဲ့သော်လည်း မမီတော့ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ ကားသည် ကုန်းဆင်းအတိုင်း မောင်းနှင်သွားပြီး နှစ် ဘလောက်ခန့် ခရီးပေါက် သွားပြီးမှ ကင်းလှည့်လာသော ရဲအရာရှိ တဦးက ကားကို ရပ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။

ကားထဲတွင်မူ ကလေးငယ်မှာ ယာဉ်မောင်းနေရာ ခုံပေါ်တွင် ဒူးထောက်လျှက်သား ရှိနေကြောင်း ရဲများက ဆိုသည်။ ထိုကိစ္စ အတွက် ကလေး၏ မိခင်အား အရေးယူသွားဖွယ် မရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here