ဝိန်းရူနီ၏ ဒဏ်ရာမှာ ကမ္ဘာ့ဖလား​ ကို မလွဲချော်နိုင်ဟု အင်္ဂလန်နည်းပြ ပြောကြား

alt

ဝိန်းရူနီ၏ ခြေထောက် ဒဏ်ရာသည် မန်ချက်စတာ ယူနိုက်တက် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရသော် လည်း အင်္ဂလန် အသင်းအတွက်မူ

ကမ္ဘာ့ဖလား မျှော်လင့်ချက် အတွက် ထိခိုက်မှု မရှိနိုင်ကြောင်း အင်္ဂလန်နည်းပြ ဖေဘီယို ကာပယ်လို​ က ပြောကြားလိုက်သည်။

အသက် (၂၄)နှစ်ရှိ တိုက်စစ်မှူးသည် မတ်လ (၃၀)​ ရက်နေ့က ဂျာမန်မြေတွင် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အဖြစ် ဘိုင်ယန်မြူးနစ် နှင့် ယှဉ်ပြိုင်ခဲ့ရာ ရူနီ၏ ညာဖက် ခြေထောက်တွင် ဒဏ်ရာ ရရှိသွားခဲ့ ရခြင်း ဖြစ်သည်။ ယူနိုက်တက်သည် မန်ချက်စတာ​ မြို့ ဆေးရုံသို့ ရူနီအား တင်ပို့ စစ်ဆေးပြီးနောက် ခြေထောက်အရွတ် စုတ်ပြဲသွားခြင်းဟု ယုံကြည်ရ​ ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။

သို့သော်လည်း ထိုဒဏ်ရာသည် နွေရာသီတွင် တောင်အာဖရိက၌ ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံး​ပွဲ အမီ ပြန်လည် သက်သာလာမည်ဟု သိရှိ​ ရသည်။ သို့သော်လည်း ဥရောပ ချန်ပီယံလိဂ် နှင့် အင်္ဂလန် ပရီးမီးယား လိဂ်တို့တွင် အခက်ခဲဆုံး အချိန်ကို ဖြတ်သန်းနေရသည့် ယူနိုက်တက် အတွက်မူ ကြီးကျယ် သော ထိုးနှက်မှုကြီး တခု ဖြစ်လာစေခဲ့သည်။

ရူနီသည် ယခုနှစ် ယူနိုက်တက်၏ အဓိကအကျဆုံး ကစားသမား ဖြစ်နေသလို အသင်းအတွက်လည်း ဂိုး အများဆုံး သွင်းယူ​ ပေးထားသူ ဖြစ်သည်။ ယူနိုက်တက်တွင် အခြား တိုက်စစ်မှူး တဦးဖြစ်သည့် မိုက်ကယ် အိုဝင်လည်း ဒဏ်ရာရနေရာ ဒေါင်ဒေါင်​ မြည် တိုက်စစ်မှူးဟူ၍ ဘူဂေးရီးယား လက်ရွေးစင် ဒီမီတာ ဘာဘာတော့ တဦးသာ ကျန်ရှိ နေတော့သည်။

ထိုသို့ တိုက်စစ် အားနည်းသော အခြေအနေနှင့်ပင် ယူနိုက်တက်သည် အင်္ဂလန်ပြည်တွင်း အဓိက ပြိုင်ဖက် ချဲလ်ဆီးအား ဧပြီ​ (၃)ရက် နေ့တွင် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်ရာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်အတွက် အကြီး​ အကျယ် ခေါင်းခဲစရာ ဖြစ်လာ ရပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here