မီးတောင် ချော်ရည်ဖြင့် ချက်ပြုတ်​ သော အစားအသောက်များ ရောင်းချ

alt

အိုက်စလန် နိုင်ငံသား စားဖိုမှူးအဖွဲ့ တဖွဲ့သည် မီးတောင် ချော်ရည်ဖြင့် စီမံချက်ပြုတ် ထားသော အစား အစာများကို စတင်တီထွင်

ရောင်းချနေပြီ ဖြစ်သည်။

ယင်းစာဖိုမှူး အဖွဲ့မှ ဖရစ်ဂျီယာ အဲရစ်ဆင် က လူအများအနေနှင့် လုပ်နိုင်ရန် ခက်ခဲမည်ဟု ယူဆ ထားသော ကိစ္စကို ဖြစ်အောင်လုပ်ခြင်းဟု မိမိ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ လူအများ အနေ နှင့် မီးတောင် ချော်ရည်များဖြင့် ဟင်းလျာ ချက်ပြုတ်ခြင်းကို ရုတ်တရက် လက်ခံမည် မဟုတ် ကြောင်း၊ သို့သော်လည်း ချော်ရည် သုံးထားသည့် အမှန်တကယ် အရသာရှိသော ဟင်းလျာကို မိမိတို့ လက်တွေ့ ဖန်တီး ပြသနိုင်ပြီ ဖြစ်ကြောင်း အဲရစ်ဆင်က ဂုဏ်ယူစွာ ပြောဆိုသွားသည်။

ယင်းချော်ရည်များကို မတ်လ (၂၁)ရက်နေ့က အိုက်စလန် တောင်ပိုင်းရှိ ပေါက်ကွဲသွားသော အီဂျာ ဖီလာဂျိုကူ ရေခဲပြင်ရှိ ဖင်ဗေါ်ဒူဟော မီးတောင်မှ ရယူထားခြင်း ဖြစ်သည်။ မတ်လ (၃၀)ရက်နေ့က အဲရစ်ဆင်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် စားဖိုမှူး (၃)ဦးတို့သည် ထိုမီးတောင်အနီး ချော်တွင်းဝ တခုမှ မလှမ်းမကမ်းသို့ စားသောက်ဆိုင်သုံး ပစ္စည်းကိရိယာများ တင်ဆောင်ထားသည့် ထရပ်ကားဖြင့် သွားရောက်ကာ သီးသန့်ယာယီ စားသောက်ဆိုင်လေး တခု ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ချော်တွင်းအနီး ပူလောင်နေသော်လည်း ရာသီဥတု အေးမြမှုကြောင့် နေထိုင်ရန် အဆင်ပြေကြောင်း အဲရစ်ဆင်က ဆို​ သည်။ စားဖိုမှူးများက ချော်ရည်အသုံးပြု ချက်ပြုတ် ထားသည့် အစားအသောက်များ အတွက် လူနှစ်ဦးလျှင် ယူရိုငွေ (၃၅၀)​ ဖြင့် ပြင်ဆင်ပေးနေကြောင်း ပြောကြားခဲ့သည်။

အဲရစ်ဆင်က မိမိတို့အနေနှင့် နောက်တကြိမ် ဤသို့ချော်ရည်ဖြင့် ဟင်းလျာ ချက်ပြုတ်ခြင်းများ မပြုလုပ်တော့ရန် ဆုံးဖြတ်​ ထားသော်လည်း ဟောလီးဝုဒ်မှ ဒါရိုက်တာ တဦးက ထိုသို့ နောက်တကြိမ် ပြုလုပ်ပြီး မှတ်တမ်းတင် ခွင့်ပြုရန် တောင်းဆို​ ထားကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here