ဖားပြုတ် များသည် ငလျင်​လှုပ်မည်​ ကို ကြိုတင် သိနိုင်ဖွယ်ရှိ​ ဟုဆို

alt

သုတေသန ပညာရှင်များက ဖားပြုတ်​ များတွင် သဘာဝ​ အားဖြင့် ငလျင်များ လှုပ်ခတ်​ လာမည်ကို ကြိုတင်ခန့်မှန်း သိရှိနိုင်သည့်

စွမ်းရည်ထူးများ ရှိနေနိုင်ကြောင်း ခန့်မှန်း ပြောကြားလိုက်သည်။

လန်ဒန်ရှိ ဇီဝလောက ဂျာနယ်တွင် အီတလီနိုင်ငံ၊ လာအကွီလာ မြို့တွင် အင်အား (၆.၃)ရှိသော ငလျင်ကြီး လှုပ်ခတ်ချိန် မတိုင်မီက ဖားပြုတ်​ များတွင် သိသာထင်ရှားသော အလေ့အထ ပြောင်းလဲမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ (၂၀၀၉)​ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်မတိုင်မီ ဘူဖိုဘူဖို အမျိုးအစား ဖားပြုတ်များ၏ အရေအတွက်​ မှာ ထိုမြို့တွင် သိသာထင်ရှားစွာ လျော့ကျသွား ခဲဲ့သည်။

ထို ငလျင်ကြောင့် လာအကွီလာတွင် လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရသည်။ ဖားပြုတ်များ၏ ကြိုတင် အာရုံခံနိုင်မှု စွမ်းရည်ကို လေ့လာနေသည့် သုတေသီ တဦးဖြစ်သော ရေချယ်ဂရန့်က ငလျင်ကြီး မလှုပ် ရှားမီ ဖားပြုတ်များသည် လာအကွီလာနှင့် အနီး​တဝိုက်​မှ ရွှေ့ပြောင်း ထွက်ခွာသွားသည်ဟု ယူဆရကြောင်း၊ အချို့သော တိရိစ္ဆာန်များတွင် သဘာဝလွန် စွမ်းအင်ထူး​ များ ရှိနေသည်ဟု ယူဆရသော်လည်း သက်သေ အခိုင်အမာ ပြနိုင်ရန် ခက်ခဲကြောင်း ပြောဆိုသွားသည်။

ငလျင်မလှုပ်မီ တရက်တွင် လာအကွီလာတွင် ဖားပြုတ်တကောင်မျှ မရှိတော့ဟု ယူဆ ရလောက်အောင် ကောင်ရေ လျော့ကျ​ သွားကြောင်း ရေချယ်က ဆိုသည်။ မိမိအနေနှင့် ငလျင် မလှုပ်မီ အင်းအိုင်အချို့ ခမ်းခြောက်သွားသည်ကို သတိပြု​ မိခဲ့ကြောင်း၊ သို့သော်လည်း အခြားသိသာ ထင်ရှားလှသည့် ဘူမိဗေဒ အချက်အလက် များကိုမူ ရှာမတွေ့ခဲ့ကြောင်း လာ​ အကွီလာမြို့ ငလျင်အကြောင်း လေ့လာမှု ပြုခဲ့သည့် ငလျင် တိုင်းတာရေး ပညာရှင် ရိုဂျာမူဆန်က ပြောကြားသွားပြီး ဖားပြုတ်​ များ ပျောက်ကွယ်ခဲ့မှုမှာ စဉ်းစား မရသော ကိစ္စတခုဟု ယူဆမိကြောင်းလည်း ဝန်ခံသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here