ဗုံးခွဲမှုများ အတွက် မိမိတို့တွင် တာဝန်ရှိဟု ချေချင်းသူပုန် ခေါင်းဆောင်​ ကြေညာ

alt

ရုရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဗုံးခွဲမှုများ အတွက် မိမိတို့တွင် တာဝန်​ ရှိကြောင်း ချေချင်းညာရှိ ချေချင်း​ သူပုန်များက ထုတ်ပြန်

ကြေညာလိုက်သည်။

မတ်လ (၃၁)ရက်နေ့က အင်တာနက် မှတဆင့် Message တခု ဖော်ပြခဲ့ရာ မွတ်ဆလင် စစ်သွေးကြွ ချေချင်းအဖွဲ့ ခေါင်းဆောင် ဒိုကူ​ အူမာရော့ က ထိုဗုံးခွဲမှုများကို မိမိတို့ ကြိုးကိုင် စီစဉ်ခဲ့ကြောင်း ရေးသား​ ထားသည်။

ရုရှားမြောက်ပိုင်း ကော်ကေးရှပ်နှင့် အခြားသော ဒေသများရှိ ချေချင်း ပြောက်ကျားများကို ဦးဆောင်သည့် အူမာရော့က မတ်လ (၂၉)ရက်နေ့ ရုရှားမြို့တော်၊ မော်စကိုမြို့လယ်ရှိ မြေအောက်​ ရထား ဘူတာနှစ်ခုတွင် အမျိုးသမီးနှစ်ဦး အသေခံ ဗုံးခွဲ​ ခဲ့မှုမှာ ရုရှား လုံခြံုရေး တပ်ဖွဲ့များက ချေချင်းညာရှိ အပြစ်မဲ့ ပြည်သူများကို ရုရှားလုံခြံုရေး တပ်ဖွဲ့များက ရက်ရက်​ စက်စက် သတ်ဖြတ်ခဲ့ခြင်း အတွက် လက်တုန့်ပြန်ခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

ထိုဗုံးကွဲမှုများ အတွင်း လူပေါင်း(၃၉)ဦး သေဆုံးခဲ့ပြီး နောက်နှစ်ရက် အကြာတွင် တောင်ပိုင်းဒေသ ချေချင်းညာ အရှေ့​ ပိုင်း​ ၌ ဖြစ်ပွားသော နောက်ထပ် အသေခံ ဗုံးခွဲမှု​ အတွင်း လူ(၁၂)ဦး ထပ်မံ သေဆုံးခဲ့သည်။ ချေချင်းတို့သည် ရုရှား အစိုးရ​ အား နှစ်ရှည်လများ ဆန့်ကျင် တိုက်ခိုက်နေသည့် ပြောက်ကျား တပ်ဖွဲ့များ ဖြစ်သည်။

ယခုကဲ့သို့ ချေချင်း တပ်ဖွဲ့များက ဗုံးခွဲမှုများ အတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ဝန်ခံခြင်း မရှိမီ ကတည်းက ရုရှား အစိုးရ​ အနေနှင့် ယင်းကိစ္စတွင် ချေချင်းတို့ ပါဝင် ပတ်သက်​ နေမည်ဟု ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here