မီလီဆိုင်းရပ် သီချင်း မဆိုတော့ဟု ကြေညာ

alt

အဆိုတော် မင်းသမီးလေး မီလီ ဆိုင်းရပ်က သူမ အနေနှင့် ဂီတ​ လောကကို ကျောခိုင်း တော့မည်ဟု ဝန်ခံ လိုက်သည်။

Hannah Montana ဇာတ်ကားဖြင့် ရုပ်ရှင် လောကတွင်ပါ နာမည် ရလာသည့် ဆယ်ကျော်သက် ကြယ်ပွင့်လေးက သူမသည် နောက်ထပ် Pop အယ်လ်ဘမ် တချပ်ကို ဇွန်လတွင် ထုတ်ဝေရန် စီစဉ် ထားပြီး ထို့နောက်တွင်မူ သရုပ်ဆောင်ဖက် သို့သာ ဇောက်ချ အာရုံစိုက်သွားမည်ဟု ပြောကြားခဲ့သည်။

အသက်(၁၂)နှစ် အရွယ် ကတည်းက Hannah Montana ဇာတ်လမ်းတွဲ များတွင် စတင် ပါဝင်ခဲ့ သည့် မီလီက ဟောလီးဝုဒ်၏ နာမည်ရ မင်းသမီး တလက် ဖြစ်လာလိုသော ဆန္ဒမှာ သူမ စိတ်ထဲတွင် ပြင်းပြစွာ တည်ရှိနေခဲ့ကြောင်း၊ ထို့အတွက်လည်း ပိုမို အားထည့်နိုင်ရန် ဂီတ လောကကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ကြောင်း အတည်ပြုခဲ့သည်။

မီလီသည် The Last Song ဇာတ်ကားသစ်ကို ရိုက်ကူးထားပြီး ထိုဇာတ်ကားမှာ တွဲဖက် သရုပ်ဆောင် လီယမ်ဟမ်းဆွော့ နှင့် ချစ်သူ ဖြစ်နေကြောင်း နာမည်ထွက်လျှက် ရှိသည်။ မီလီသည် Meet Miley Cyrus၊ Breakout နှင့် The Times of Our Lives အမည်ရှိ အယ်လ်ဘမ် သုံးခုကို ထုတ်ဝေထားပြီး နောက်ဆုံးထုတ် အယ်ဘမ်အား I Can’t Be Tamed ဟု အမည်ပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here