စစ်တပ်ကို တိုက်ခိုက်ခဲ့သော မက္ကစီကို မူးယစ် ဂိုဏ်းသားများ သေဆုံး

alt

မက္ကစီကို မြောက်ပိုင်းရှိ စစ်စခန်း နှစ်ခုကို စီးနင်းဝင်ရောက် တိုက်ခိုက်သည့် သေနတ်သမားများ အနက် (၁၈)ဦးအား သုတ်သင်လိုက်ကြောင်း

မက္ကစီကို စစ်ဖက်က ကြေညာခဲ့သည်။

မက္ကစီကို မူးယစ်ဂိုဏ်းများက စေလွှတ် လိုက်သည်ဟု ယူဆရသော ယင်း လက်နက်ကိုင် အကြမ်းဖက်​ သမား များသည် မက္ကစီကို စစ်တပ်များကို ပိတ်ဆို့လုပ်ကြံရန် ရည်ရွယ်ခဲ့ဟန် ရှိကြောင်း သတင်းများက ဆိုသည်။ ယင်းတို့သည် ကျည်ကာ ကိုယ်ထည် တပ်ဆင်ထားသော မော်တော်ကားများ၊ လက်ပစ်ဗုံး​များ​ နှင့် ချေမှုန်းရေး ရိုင်ဖယ်များ ကိုင်ဆောင်ကာ မတ်လ (၃၀) ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့​ခြင်း ဖြစ်သည်။

နယ်စပ်ပြည်နယ်များ ဖြစ်ကြသည့် တာမာလူပက်နှင့် နူဗိုလီယွန် တို့တွင် ဖြစ်ပွားခဲ့သည့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် လပိုင်းများအတွင်း အဆိုးရွားဆုံး သွေးထွက်သံယို သေဆုံးမှုများ ဖြစ်လာရကြောင်း မက္ကစီကို မူးယစ်ဂိုဏ်းများအား ချေဖျက် တိုက်ခိုက်ရေး အဓိက တာဝန်ယူထားသူ ဗိုလ်ချုပ် အက်ဂျာလူးဝစ်က ပြောကြားခဲ့သည်။

ယခု တိုက်ခိုက်မှု အတွင်း စစ်သားတဦး အနည်းငယ် ဒဏ်ရာရခဲ့ပြီး မူးယစ် ဂိုဏ်းသားများ အနက် နှစ်ဦး ဒဏ်ရာရကာ ခုနစ်ဦး အဖမ်းခံ ထားရကြောင်းလည်း ဗိုလ်ချုပ်​ လူးဝစ်က ဆိုသည်။ မက္ကစီကို နိုင်ငံတွင် စစ်တပ်နှင့် ရဲများမှာ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူများ၏ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံထားရပြီး ကင်းလှည့် ယာဉ်တန်း​ များကို မကြာခဏ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်လေ့ ရှိကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here