လော့ကာဘီ လေယာဉ်ဗုံးခွဲ တရားခံ၏ မွေးနေ့ပွဲ ကျင်းပ

alt

သေဆုံးတော့မည် ဟူသော ထောက်ခံချက်ဖြင့် လွှတ်ပေးလိုက်သည့် လော့ကာဘီမြို့ လေယာဉ်ဗုံးခွဲမှု တရားခံသည် ဗြိတိန်ထောင်မှ လွတ်လာပြီး

(၈)လ အကြာတွင် လစ်ဗျားနိုင်ငံ၌ ၎င်း၏မွေးနေ့အား ဆင်နွှဲနိုင်ခဲ့သည်။

ဆရာဝန်များက အက်ဒီ ဘာဆက် အလီမိုဟာမက် အယ်မာဂရီဟီသည် ဆီးကြိတ် ကင်ဆာကြောင့် (၃)လ အတွင်း သေဆုံးမည်ဟု ထောက်ခံခဲ့သဖြင့် စကော့တလန်ရှိ အကျဉ်းထောင်မှ ပြီးခဲ့သည့် နှစ်တွင် လွတ်မြောက် လာခဲ့သည်။ သို့သော်လည်း ၎င်းသည် ဆရာဝန်များ ခန့်မှန်း ထားသည်ထက် (၅)လကြာ ပိုမို အသက်ရှည်ခဲ့ပြီး ဖြစ်ကာ ၎င်း၏ (၅၈)နှစ်ပြည့် မွေးနေ့ကိုပင် မွေးရပ်မြေ၌ ဧပြီလ (၁)ရက်နေ့က ကျင်းပနိုင်ခဲ့သည်။

လစ်ဗျား အစိုးရ တာဝန်ရှိသူများ၊ မိတ်ဆွေများနှင့် သူငယ်ချင်းများက မီဂရာဟီ၏ မွေးနေ့ကို တက်ရောက်ခဲ့ကြပြီး ဘုရားသခင်၏ ကောင်းချီး အလိုတော်အရ ယခုလို ကျန်းမာနေဆဲ ဖြစ်နိုင်ကြောင်း ချီးကျူး ဂုဏ်ပြုခဲ့သည်။ မီဂရာဟီသည် အမေရိကန် အများစု ပါဝင်သည့် လူပေါင်း (၂၇၀)အား သေဆုံးစေခဲ့သည့် Pan American လေယာဉ်အား စကော့တလန်နိုင်ငံ၊ လော့ကာဘီ ဝေဟင်တွင် (၁၉၈၈)ခုနှစ်၊ ဒီဇင်ဘာ (၂၁)ရက်နေ့က ဗုံးခွဲ ဖျက်ဆီးခဲ့သူဟု စွပ်စွဲခံရပြီး ထောင်ဒဏ် (၂၇)နှစ် ချမှတ် ခံခဲ့ ရသည်။

သို့သော်လည်း ယင်းသည် ထောင်ထဲတွင် (၇)နှစ်ခွဲမျှ နေရပြီးနောက် ပြန်လည် လွတ်မြောက် လာခဲ့သည်။ မီဂရာဟီ၏ မွေးနေ့အတွက် အမေရိကန်ရှိ သေဆုံးသူများ၏ ဆွေမျိုး များက အကြီးအကျယ် ဒေါသထွက်နေကြောင်း သတင်းများက ဆိုသည်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီနှင့် အစိုးရအဖွဲ့က မီဂရာဟီ၏ မွေးနေ့အတွက် သီးသန့် ဆုမွန် ကောင်း တောင်းမှုများပင် ပြုလုပ်ခဲ့သေးကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here