တရုတ်နိုင်ငံမှ မြစ်အတွင်း မျောပါ​ လာသည့် ခလေး အလောင်းများ

alt

တရုတ်နိုင်ငံ အရှေ့ပိုင်း မြစ်တခုတွင် မျောပါ​ လာသည့် ကလေး​ အလောင်းများ ကိစ္စကို စုံစမ်းပြီး နောက် ရဲတပ်ဖွဲ့က

ရင်ခွဲရုံ အလုပ်သမား နှစ်ဦးအား ဖမ်းဆီးထားလိုက်​ ကြောင်း သိရှိရသည်။

ဇူဇီယန် နှင့် ဝမ်ဇီဂျန် တို့သည် ၎င်းတို့အလုပ် လုပ်နေသော ဆေးရုံရှိ ရင်ခွဲရုံမှ ကလေး အလောင်း များအား မြှုပ်နှံပေးမည်ဟု မိသားစုများထံမှ ငွေကြေးရယူ ကတိပြုခဲ့ပြီးနောက် ဆေးရုံသုံး အဝါ ရောင် စွန့်ပစ်အိတ်များဖြင့် ရေထဲမျှောပစ်ခဲ့ခြင်း ဖြစ်သည်။ Xinhua သတင်းဌာန၏ အဆိုအရ ဂျင်နင်း တက္ကသိုလ် ဆေးရုံမှ စွန့်ပစ်လိုက်သော ကလေးနှင့် သန္ဓေသား အလောင်းများအား မတ်လ (၃၀)ရက် နေ့က ဂွမ်ပူမြစ်ကမ်းရှိ တံတားတခု​ အနီးတွင် ဒေသခံများက တွေ့ရှိခဲ့သည်။

ကလေးများသည် သွေးရိုးသားရိုး သေဆုံးခြင်းသာ ဖြစ်ပြီး ဆေးရုံ စွန့်ပစ်ပစ္စည်းဟု ရေးသားထား​ သော အိတ်များနှင့်အတူ တွေ့ရှိရခြင်း ဖြစ်သည်။ ဂျင်နင်း ဆေးရုံမှ တာဝန်ရှိသူ များက အဆိုပါ ကိစ္စအား ဝန်ခံခဲ့ပြီး တာဝန်ရှိသူ ဝန်ထမ်း(၃)ဦး ကိုပါ အလုပ်တာဝန်မှ ရပ်စဲ​ ထားကြောင်း အတည်ပြုခဲ့သည်။

ထို့အပြင် ဒေသဆိုင်ရာ မြူနီစီပယ် ဦးစီးဌာနကလည်း ယင်းဖြစ်ရပ် အတွက် ဆေးရုံအနေနှင့် ပြည်သူ လူထုအား တရားဝင် ဝန်ချ​ တောင်းပန်ရန် အမိန့်ချ မှတ်ထားသည်။ မြစ်ထဲတွင် မျောပါလာသည့် ခလေး အလောင်းများ အနက် ယောက်ျားလေး​ နှင့် အမျိုးသမီးဦးရေ အတိအကျကိုမူ မသိရသေး​ ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here