တောင် အာဖရိကတွင် HIV ဗိုင်းရပ်စ် တိုက်ဖျက်ရေး အရှိန်မြှင့် ဆောင်ရွက်မည်

alt

ကျန်းမာရေး ဝန်ထမ်းများသည် တောင် အာဖရိကတွင် ကွန်ဒုံး အရေအတွက် (၂.၅)ဘီလျံ ဝေငှ သွားမည် ဖြစ်ပြီး လူပေါင်း

၁၅သန်းကို HIV ပိုး စစ်ဆေးမှု ပြုလုပ် ပေးသွားမည်ဟု သိရှိရသည်။

ယင်းသည် ကမ္ဘာ့ HIV ဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အကြီးဆုံးသော လှုပ်ရှားမှုကြီး တခု ဖြစ်လာခဲ့ပြီး ကမ္ဘာ့ ဖလားအကြို နိုင်ငံအတွင်း HIV ဟန့်တားရေး စီမံကိန်းအဖြစ် ဖော်ဆောင်လာခြင်း ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဖြစ်သူ ဒေါက်တာ အာရွန် မော့ဆိုလီဒီ က ယခု လုပ်ငန်းစဉ် အတွက် သီးသန့် အကောင်အထည် ဖော်ရန် အငြိမ်းစား ယူထားသော ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်း (၉၀၀၀) တို့ အား အကူအညီ တောင်းခံခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။ ယခု လှုပ်ရှားမှုကို ဧပြီလ (၁၅)ရက်နေ့မှ စတင်မည်ဖြစ်ပြီး လူတဦးစီကို HIV စစ်ဆေးမှု ပြုလုပ်ပေးပြီး အမျိုးသားသုံး ကွန်ဒုံး အခု(၁၀၀) စီ ဝေငှ သွားမည်ဟု သိရှိရသည်။

ကမ္ဘာ့ ဖလားကြီး ကျင်းပချိန်တွင် နိုင်ငံစုံမှ ကမ္ဘာလှည့် ခရီးသည် အမြောက်အမြား ဝင်ရောက် လာမည်ဖြစ်ရာ ထိုအချိန်တွင် HIV ပိုးများ ပျံ့နှံ့မှု တွင်ကျယ် လာမည်ကို တာဝန် ရှိသူ များက စိုးရိမ်နေသည်။ တောင် အာဖရိကတွင် လူဦးရေ သန်း(၅၀) ရှိပြီး (၅.၇)သန်းမှာ HIV ပိုး ကူးစက်ခြင်း ခံထားရပြီး ရာခိုင်နှုန်း အရ ကျန်နိုင်ငံများ အတွက် အလွန် များပြားနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here