မော်စကိုမြို့လယ် အသေခံ ဗုံးခွဲသူ အမျိုးသမီး နှစ်ဦး၏ ဓာတ်ပုံများ ထုတ်ဖော်ပြသ

alt

မော်စကို မြို့လယ်ရှိ မြေအောက်ရထား ဘူတာရုံ များအား အသေခံ ဗုံးခွဲခဲ့သူဟု ယူဆရသော အမျိုး သမီး နှစ်ဦး၏ ဓာတ်ပုံများကို

ရုရှား အာဏာပိုင်များက တရားဝင် ထုတ်ဖော်ပြသ လိုက်သည်။

မတ်လ (၂၉)ရက်နေ့က မြေအောက် ရထားဘူတာ နှစ်ခုတွင် ဗုံးခွဲမှုများကြောင့် လူ(၃၉)ဦး သေဆုံး ခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့သည်။ ရုရှား ထောက်လှမ်းရေးက ဗုံးခွဲမှုတွင် ပူးပေါင်း ကြံစည် သည်ဟု ယူဆရသည့် လူ(၃)ဦး ကိုလည်း ခြေရာခံ ရှာဖွေနေကြောင်း ပြောကြားလိုက်သည်။

ရုရှား ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်က ပို့ဆောင်ရေးလုပ်ငန်း လုံခြံုရေး အစည်းအဝေးတွင် ယခု ကိစ္စ အတွက် အစွမ်းကုန် စုံစမ်းမှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။ သမ္မတ ဒီမီထရီ မက်ဗီဒက် ကလည်း ရုရှား အစိုးရသည် အကြမ်းဖက် သမားများအား ဆုံးခန်းတိုင်အောင် ချေမှုန်း တိုက်ခိုက်သွားမည်ဟု ကတိပြုခဲ့သည်။

အခြားသော သတင်းများအရ မြေအောက် ရထားလမ်း ဗုံးခွဲမှုတွင် သေဆုံးခဲ့သူများ၏ မိသားစု အချို့ ကလည်း အစိုးရ၏ လုံခြံုရေး စီမံချက် လျော့နည်းမှု များအတွက် ဒေါသ ထွက်နေကြောင်း သိရှိရ သည်။ ထိုနေ့က ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုနှစ်ခုမှာ ကော်ကေးရှပ် မြောက်ပိုင်းရှိ အစိုးရ ဆန့်ကျင်ရေး မွတ်ဆလင် စစ်သွေးကြွများနှင့် ဆက်စပ်နေဖွယ် ရှိကြောင်း အစိုးရက ခန့်မှန်းထားသည်။

မော်စကိုတွင် ဗုံးကွဲမှုများ ဖြစ်ပွားပြီး နောက်တနေ့၌ ကြေကွဲမှု အခမ်းအနားကို ကျင်းပခဲ့ပြီး ဗုံးကွဲရာ ရထားဘူတာ နှစ်ခုတို့တွင် ပန်းစည်းများ၊ ဖယောင်းတိုင်များ လာရောက် ထားရှိကာ ဝမ်းနည်းမှုကို ထုတ်ဖော်ပြသ ခဲ့ကြသည်။ ထိုနေ့က သေဆုံးခဲ့သူ အရေအတွက်သည် အကြမ်းဖက်မှုနှင့် မတော်တဆမှု များကြောင့် ရုရှားနိုင်ငံ မြို့တော်တွင် (၂၀၀၄) ခုနှစ် နောက်ပိုင်း အမြင့်မားဆုံး ပမာဏအဖြစ် မှတ်တမ်းဝင် သွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here