ဟာဝိုင်ယီတွင် ကြက်တိုက်ခြင်းအား ရိုးရာ ယဉ်ကျေးမှု အဖြစ် သတ်မှတ် အတည်ပြု

alt

ကြက် တိုက်ခြင်းကို ရိုးရာ ယဉ်ကျေးမှု အလေ့အထ တခုအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားမှုအား ဟာဝိုင်ယီရှိ တာဝန်ရှိ အဖွဲ့အစည်းက

အတည်ပြု လက်ခံပေးလိုက်ပြီ ဖြစ်သည်။

မတ်လ (၂၉)ရက် နေ့က ဟာဝိုင်ယီ ယဉ်ကျေးမှုရေးရာ ကော်မတီက အဆို တင်သွင်းမှုအား ကျေနပ် လက်ခံကြောင်းနှင့် ကြက်တိုက်ခြင်းကို အစဉ်အလာ ယဉ်ကျေးမှု တခုအဖြစ် လက်ခံကြောင်း ကြေညာ ခဲ့ရာ ကြက်တိုက်မှုကို လိုလား နှစ်သက်သူ (၆၀)ခန့်က စုရုံး ကောင်းချီး ပေးခဲ့ကြသည်။

လေ့ကျင့် ပေးထားသည့် ကြက်ဖနှစ်ကောင် အသေအကြေ တိုက်ခိုက်ကြမှုအား ဟာဝိုင်ယီတွင် (၁၈၈၄) ခုနှစ် ကတည်းက တရားမဝင်သော လောင်းကစားမှု တခုအဖြစ် ပြဌာန်း ထားခဲ့သော်လည်း ယခုအခါ တရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဟိုနိုလူလူရှိ အကြင်နာ တရားရှိသော လူ့အဖွဲ့အစည်း NGO အဖွဲ့မှ လွိုက်မာရှယ် ကမူ ထိုသတင်းကို ကြားမိသည့် အခါ အံ့အားသင့် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့သည်။ ကြက်တိုက်ခြင်းသည် ယဉ်ကျေးမှု အလေ့အထ တခု မဟုတ်ကြောင်း၊ ယင်းသည် လူမဆန်သော တိရိစ္ဆာန် ညှင်းပမ်းမှု တခုသာ ဖြစ်ကြောင်း လွိုက်က ပြစ်တင်ခဲ့သည်။ အမေရိကန်တွင် ယခင်က ပြည်နယ်တိုင်း၌ ကြက်တိုက်ခြင်းကို ဥပဒေဖြင့် တားမြစ်ထားပြီး ဟာဝိုင်ယီတွင်မူ ကြက် တိုက်သူ တဦးသည် ဒဏ်ငွေ ဒေါ်လာ(၂၀၀၀) အထိဖြစ်စေ၊ ထောင်ဒဏ် (၁)နှစ် အထိဖြစ်စေ ပြစ်ဒဏ် ကျခံရမည်ဟု ယခင်က သတ်မှတ်ထားခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here