ဖိလစ်ပိုင် အလှမယ် မယ်စကြာဝဠာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

alt

မယ်စကြင်္ာဝဠာ ရွေးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဖိလစ်ပိုင် အလှမယ်အား ဒေသဆိုင်ရာ တာဝန်ရှိသူ များက ကန့်ကွက်မှုကြောင့်

နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် မယ်စကြင်္ာဝဠာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင် ခြင်း ခံလိုက်ရသည်။

အသက် (၂၁)နှစ်ရှိ မာရီယာဗီးနတ်ရဂျ် သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ အတွင်းက ဖိလစ်ပိုင်၏ ပြည်တွင်း မယ်စကြင်္ာဝဠာ အဖြစ် အရွေးခံရပြီးနောက် ယခုအခါ လူမှုရေးနှင့် ရံပုံငွေ လုပ်ငန်းများ ဆောင်ရွက်နေသူ ဖြစ်သည်။

သို့သော်လည်း စာနယ်ဇင်းပညာ ဘွဲ့ရကျောင်းသူ တဦးဖြစ်သည့် မာရီယာသည် ဖိလစ်ပိုင်နိုင်ငံ ပြင်ပ တွင် မွေးဖွားခဲ့သူ တဦးဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိလာပြီးနောက် ပြိုင်ပွဲဝင်ခွင့် ပယ်ချခံလိုက်ရခြင်း ဖြစ်သည်။ ဒေသခံ ပြိုင်ပွဲဝင်မယ် ရွေးချယ်ရေး တာဝန်ရှိသူ များက မာရီယာ၏ မိခင်သည် သူမအား လက်မထပ်ခဲ့သော အိန္ဒိယ နိုင်ငံသား တဦးနှင့် တွေ့ဆုံပြီး ကာတာ နိုင်ငံတွင် မာရီယာကို မွေးဖွားခဲ့ ကြောင်း ဖော်ထုတ် တွေ့ရှိသဖြင့် ယခု ဆုံးဖြတ်ချက်အား ချမှတ်လိုက်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

သူမ၏ မွေးစာရင်းတွင် ပါရှိသော အချက်အလက်များ မှားယွင်းနေသဖြင့် မာရီယာအား ဖိလစ်ပိုင်မယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ခွင့်ပြုခဲ့မိခြင်း ဖြစ်ကြောင်း ပြိုင်ပွဲဝင် မယ် ရွေးချယ်ရေး တာဝန်ခံဖြစ်သူ လီလီယာအမ်ဘီ က ဆိုသည်။ ယခုအခါ မာရီယာ၏ နေရာအတွက် ဖိလစ်ပိုင်ပြည်တွင်း မယ်စကြင်္ာဝဠာဘွဲ့ အတွက် ဒုတိယ နေရာရသူ အလှ မယ် အား အစားထိုးသွားမည် ဟုလည်း လီလီယာက အတည်ပြု ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here