ရဲလက်မှ လွတ်အောင် ထွက်ပြေးရင် ထောင်ထဲ ဝင်သွားမိသည့် အမေရိကန် လူငယ်

alt

အမေရိကားတွင် လူတဦးသည် ရဲလက်မှ လွတ်အောင်ပြေးရင်း မိမိဖာသာ ထောင်ထဲ ဝင်သွားမိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

မော်တော်ကား မြန်နှုန်းမြှင့်၍ အပြိုင်မောင်းလာသူ လူငယ် အမျိုးသား လေးဦးသည် အိုဟိုင်းယို ပြည်နယ်ရှိ ကလီဗာလန်းတွင် ရဲလက်မှ ထွက်ပြေးရင်း ထောင်စည်းရိုးထဲ ဝင်ခဲ့မိခြင်းဟု ဂါဖီဟိုက် ရဲ ဌာနက ဆိုသည်။

တနာရီ မိုင်(၉၀)နှုန်းဖြင့် မောင်းနှင် လာခြင်းကြောင့် ရဲများက လိုက်လံ ဖမ်းဆည်းခြင်းကို ခံရသော အမည်ဖော်ပြ မထားသော ယင်းကားမောင်းသည့် ပုဂ္ဂိုလ်သည် ၎င်း၏ကားကို ရပ်တံ့ကာ ခြံစည်းရိုး တခု ကို ကျော်ခွ ဝင်ပြေးခဲ့ခြင်း ဖြစ်ပြီး ထိုစည်းရိုးသည် ထောင်စည်းရိုး ဖြစ်နေမှန်း အချိန်လွန်မှ သိခဲ့ရ သည်။

၎င်းသည် ထိုစည်းရိုးမှာ ကလီဗာလန်းရှိ အမျိုးသမီးထောင် စည်းရိုးမှန်း လုံးဝ မသိခဲ့ကြောင်း ကား မောင်း ထွက်ပြေးသူက နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ ရဲများက ယာဉ်မောင်းနှင့် အတူ လိုက်ပါလာပြီး ထွက်ပြေးရန် ကြိုးစားသည့် ခရီးသည် နှစ်ဦးကိုလည်း ဖမ်းဆီး ထားလိုက် ကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ယင်းတို့သည် တရားမဝင် ကားပြိုင်ပွဲ တခုအဖြစ် အမြန် ပြိုင်မောင်းကြခြင်းဟု ယူဆရကြောင်း မှတ်ချက် ပေးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here