အိန္ဒိယ ဘာသာရေး ခေါင်းဆောင် လိင်မှု ကိစ္စအတွက် စုံစမ်းမေးမြန်း ခံရ

alt

လိင်မှု ကိစ္စအတွက် ရဲများ၏ စုံစမ်း မေးမြန်းမှုများကို ခံနေရပြီး နောက် အိန္ဒိယနိုင်ငံမှ လူ ထောင် ပေါင်း များစွာတို့ ကိုးကွယ်သော

ဘာသာရေး ခေါင်းဆောင်တဦးမှာ ရာထူးမှ နှုတ်ထွက် ပေးလိုက်ရကြောင်း သိရှိရသည်။

ဟိန္ဒူ ဘာသာဝင် အတော်များများက သူတော်စင် တဦးအဖြစ် သတ်မှတ် ကိုးကွယ်သော ဒီဟမ်နာပီတမ် ဘာသာရေး အဖွဲ့ခေါင်းဆောင် နီသာယန်နာဒါဆွာမိ သည် မတ်လ (၃၀)ရက် နေ့တွင် အဖွဲ့ခေါင်း ဆောင် ရာထူးမှ မိမိ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ဗီဒီယို စစ်တမ်းများအရ ဆွာမိသည် ဘင်္ဂလားတောင်ပိုင်းရှိ ၎င်း၏ ဘာသာရေးဂိုဏ်း ဌာန အပြင်ဖက် တွင် အမျိုးသမီးနှစ်ဦးနှင့် အပျော်ကြူးနေကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ယင်းအား ကိုးကွယ် သူ ရာပေါင်းများစွာသော ယုံကြည်သူများက ဒေါသတကြီး အရေးဆိုလာသည့် အတွက် ရဲဌာနက တာဝန်ယူ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အသက် (၃၂)နှစ်ရှိ ဆွာမိ ကမူ စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး ယင်း ဗီဒီယိုသည် လုပ်ကြံ ဖန်တီး ထားခြင်းသာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ယခုလ အစောပိုင်း ကလည်း အိန္ဒိယ ရဲတပ်ဖွဲ့သည် ပြည့်တန်ဆာမှုနှင့် ပြန်ပေးမှုများ အတွက် ဘာသာရေး ခေါင်းဆောင် ဆွာမိ နှစ်ဦးအား ဖမ်းဆီးထားခဲ့ သေးသည်။

ယခုလည်း စုံစမ်းမှုများ ခံနေရသည့် ဆွာမိ ဖြစ်သူ နီသာယန်နာဒါ က မိမိအနေနှင့် ခက်ခဲသော အခြေအနေများ ကြံုနေရသော်လည်း ဘာသာရေး အတွက် ဆက်လက် ဆောင် ရွက် နေဦးမည်ဟု ၎င်း၏ ဝဘ်ဆိုဒ် မှတဆင့် ကြေညာခဲ့သည်။ ယင်း၏ ဒီဟမ်နာပီတမ် ဘာသာရေး အဖွဲ့သည် ဥရောပနှင့် အမေရိကန် တို့တွင် အဖွဲ့ခွဲများ ထူထောင်ထားပြီး ဆွာမိအား ကိုးကွယ်သူ များတွင် နာမည်ကျော် နိုင်ငံရေး သမားများနှင့် အနုပညာရှင်များပါ ပါဝင်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here