အာဂျင်တီးနား ဘောလုံးအသင်း နည်းပြကြီး ခွေးကိုက် ခံရသဖြင့် ဆေးရုံရောက်

alt

အာဂျင်တီးနား လက်ရွေးစင် ဘောလုံးအသင်း နည်းပြကြီး ဒိုင်ဂိုမာရာဒိုနာ မှာ ခွေးကိုက် ခံရသဖြင့် ဆေးရုံ ရောက်ခဲ့ကြောင်း သိရှိရသည်။

အာဂျင်တီးနား ဘောလုံး လောက၏ မီးရှူးတန်ဆောင် သဖွယ် တင်စားခံရသည့် ဂန္ထဝင် ဘောလုံး သမား ဟောင်းကြီး မာရာဒိုနာ အား ၎င်းမွေးထားသည့် ခွေးက ကိုက်လိုက်သဖြင့် မျက်နှာတွင် ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ အသက် (၄၉)နှစ် အရွယ် မာရာဒိုနာသည် နှုတ်ခမ်းတွင် ဒဏ်ရာ ရခဲ့သဖြင့် ဗြူနို အေးရီးရှိ ဆေးခန်းတွင် ပြန်ချုပ်ခဲ့ရကြောင်း သတင်းများက ဆိုသည်။

အာဂျင်တီးနား သတင်းများက ဖော်ပြချက် အရ မာရာဒိုနာသည် ဗြူနိုအေးရီးမြို့ အနီး အီဇီဇာရှိ ၎င်း ၏ နေအိမ်တွင် ရှာပီ အမျိုးအစား ခွေးလေးနှင့် ကစားနေစဉ် ယခုလို အကိုက် ခံလိုက်ရခြင်းဟု သိရှိရ သည်။

မာရာဒိုနာသည် မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့် နာမည် ပျက်ခဲ့ဖူးသော်လည်း အာဂျင်တီးနား ဘောလုံး ပရိသတ်များ၏ အလေးစားဆုံး ကစားသမားဟောင်း တဦးအဖြစ်လည်း ရပ်တည်နေဆဲ ပင်ဖြစ်သည်။ ယင်းသည် (၂၀၀၈) ခုနှစ်က အာဂျင်တီးနား ဘောလုံးအသင်း ကို နည်းပြအဖြစ် စတင် ကိုင်တွယ်ခဲ့ပြီး ယခုနှစ်၊ နွေရာသီတွင် တောင်အာဖရိက၌ ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး တွင်လည်း အာဂျင်တီးနား အသင်းအား ဦးဆောင် နည်းပြသွားမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here