တောင်ကိုရီးယား ရေတပ်သင်္ဘော နစ်မြုပ်မှု မြောက်ကိုရီးယား ပယောဂ ပါဝင်ဟုဆို

alt

အမေရိကန်မှ ထိပ်တန်း အစိုးရ အရာရှိတဦးက ယခုသည့် သီတင်းပါတ် အစောပိုင်းက ပင်လယ်ဝါ ဒေသ၌ နစ်မြုပ်သွားသော

တောင်ကိုရီးယား ရေတပ်သင်္ဘော ကိစ္စတွင် မြောက်ကိုရီးယား၏ ပယောဂ ပါဝင်နေသည်ဟု ယူဆ​မိ​ ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစတိန်းဘတ် က မတ်လ (၂၆)ရက် နေ့က ဖြစ်ပွား​ခဲ့​ ​သော တောင်ကိုရီးယား ကင်းလှည့် ရေတပ်သင်္ဘော ပေါက်ကွဲ နစ်မြုပ်မှုကို တောင် ကိုရီးယားက စုံစမ်း​ နေဆဲဖြစ်ပြီး မြောက်ပိုင်း ကွန်မြူနစ်နိုင်ငံက ထောင်ထားသည့် ရေမြှုပ်မိုင်းကြောင့် ဖြစ်နိုင်ဖွယ် အလားအလာများ ရှိနေကြောင်း ပြောကြားသွားသည်။

မူလက တောင်ကိုရီးယား စစ်ဖက် ထောက်လှမ်း​ ရေး​သည် သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယား ပါဝင် ပတ်သက်နေသည်ဟု မထင်မိကြောင်း ကြေညာခဲ့သေးသည်။ ထို ပေါက်ကွဲမှု အတွက် အတိအကျ အကြောင်းရင်းကို မသိရသေးဘဲ တောင်ကိုရီးယားနှင့် အမေရိကန် ရေတပ်တို့သည် ပျောက်ဆုံးနေသည့် ရေတပ်သား (၄၆)ဦးအား အင်တိုက်အားတိုက် ရှာဖွေနေရဆဲ ဖြစ်ကာ ကယ်ဆယ်ရေး တပ်သားတဦးပါ ယနေ့ ရေနစ်၍ အသက် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ ပြီးပြည့်စုံသော စုံစမ်းမှုများကို ပြုလုပ်နေကြောင်း၊ တန်(၁၂၀၀)ရှိ ချိုနန် သင်္ဘောအား မြောက်ကိုရီးယားက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည် ဟူသော သက်သေမျိုးမူ မရှိသေးကြောင်း စတိန်းဘက်က ဆိုသည်။

မြောက် ကိုရီးယားတို့သည် နှစ်နိုင်ငံ နယ်နိမိတ် ပင်လယ်အနီး ရေမြှုပ်ဗုံးများကို ထောင်ထားလေ့ရှိပြီး ယင်းကိစ္စကို (၁၉၈၀)ပြည့်လွန် နှစ်များတွင် သိရှိ လာရကြောင်း တောင်​ ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကင်တေယွန်းက ဆိုသည်။ ယခု တောင်ကိုရီးယား ရေတပ်သင်္ဘော ပေါက်ကွဲမှုနှင့် ပတ်သက်၍ မြောက် ကိုရီးယားဖက်မှ တစုံတရာ မှတ်ချက်ပြု ပြောကြားထားခြင်း မရှိသေးကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here