Gay တဦး ဖြစ်ကြောင်း လက်တင် ပေါ့(ပ်) အဆိုတော် ရစ်ကီမာတင် ဝန်ခံ

alt

နာမည်ကျော် လက်တင် တေးဂီတ ပေါ့(ပ်) အဆိုတော် ရစ်ကီမာတင်သည် Gay တဦးဖြစ်ကြောင်း ၎င်း ကိုယ်တိုင် ဝန်ခံပြောဆို လိုက်သည်။

ယင်း၏ တရားဝင် ဝဘ်ဆိုဒ်ရှိ Blog တွင် ရစ်ကီက ရေးသားခဲ့ရာ ၎င်းသည် Gay တဦးဖြစ်ကြောင်း၊ ထို ကဲ့သို့ လိင်တူချင်း စိတ်ဝင်တစား ရှိသည့် ဘဝကို ခံယူထားခြင်း အပေါ် ကျေနပ်ပြီး ကံကောင်းသူဟု မိမိကိုယ်ကိုယ် ယုံကြည်ကြောင်း ပါရှိသည်။

www.rickymartinmusic.com တွင် ရစ်ကီက မိမိသည် လိင်တူချင်း ဆက်ဆံသည့် ကံကောင်း သော လူတဦးဖြစ်ခြင်း အပေါ် ဂုဏ်ယူကြောင်း အတိအလင်း ရေးသားထားသည်။ Livin’ La Vida Loca သီချင်းနှင့်အတူ အောင်မြင်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် မိန်းကလေး ပရိသတ် သန်းပေါင်း များစွာ ရှိနေသည့် အသက် (၃၈)နှစ်အရွယ် အဆိုတော်သည် ယခင် ကတည်းက Gay တဦးဖြစ်နိုင် ကြောင်း သတင်း ထွက်ခဲ့သေးသည်။

ရစ်ကီသည် မွေးစား ကလေးနှစ်ဦး၏ ဖခင်လည်းဖြစ်ပြီး ယခုအခါတွင်မူ ၎င်း၏ လိင်မှုဘဝကို စိတ်ကူးရှိသလို ပြောင်းလဲချိန်တန်ပြီဟု ရေးသားထားသည်။ ရစ်ကီသည် လက်တင် အမျိုးသား အဆိုတော်အဖွဲ့ Menudo နှင့်အတူ ၎င်း၏ အနုပညာဘဝကို စတင်ခဲ့ပြီး (၁၉၉၁)ခုနှစ်တွင် တကိုယ်တော် ရပ်တည်ခဲ့သည်။ ၎င်း၏ သီချင်းများကို စပိန် ဘာသာ ဖြင့် အဓိကထား သီဆိုလေ့ရှိပြီး တောင်အမေရိကနှင့် မြောက်အမေရိက တို့တွင် ရစ်ကီ၏ ပရိသတ်မှာ အခိုင်အမာ တည်ရှိနေကြောင်း သူရရှိခဲ့သော ဂီတဆိုင်ရာ ဆုများက သက်သေခံ​​ နေသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here