မန်စီးတီး နောက်ခံလူ နီဒမ် အိုနူဟာ ကမ္ဘာ့ဖလား အတွက် နိုက်ဂျီးရီးယား အသင်းတွင် ပါဝင်ဖွယ်

alt

မန်ချက်စတာ စီးတီး နောက်ခံလူ နီဒမ် အိုနူဟာ အနေနှင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် နိုက်ဂျီး​ ရီးယား လက်ရွေးစင် အဖြစ်

ပါဝင်ရန် အင်္ဂလန် လက်ရွေးစင် ဖြစ်ခွင့်အား ငြင်းဆန်ဖွယ် ရှိနေကြောင်း သိရှိရသည်။

အင်္ဂလန်၏ အသက် (၂၁)နှစ်အောက် လက်ရွေးစင် အသင်း၏ ကပ္ပတိန်အဖြစ် ပါဝင်​ ဖူးသော်လည်း လက်ရွေးစင် အသင်းကြီးတွင် ကိုယ်စားပြုခြင်း မရှိသေးသော နိုက်ဂျီးရီးယားဖွား အင်္ဂလန်သား ခံစစ်​ မှူး​သည် အင်္ဂလန်ရော၊ နိုက်ဂျီးရီးယား အတွက်ပါ ရွေးချယ်ခွင့် ရှိနေသူ ဖြစ်သည်။ အသက် (၂၃)နှစ်ရှိ အိုနူဟာ​ သည် အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင် အသင်းတွင် (၂၁)ပွဲ ကစားပေး​ ခဲ့ဖူးသူဖြစ်​ သည်။

ယခုအခါ ခံစစ်မှူး ပြဿနာများ ရင်ဆိုင်နေရသည့် အင်္ဂလန် လက်ရွေးစင် နည်းပြကြီး ဖေဘီယို ကာပယ်လို​ က မာကျော​ ကြံ့ခိုင်သည့် ခံစစ်မှူး အိုနူဟာအား အင်္ဂလန် လက်ရွေးစင်အဖြစ် ရွေးချယ်ရန် စဉ်းစား​ နေေသော်လည်း ကစားသမား ကိုယ်တိုင်ကမူ မွေးရပ်နိုင်ငံကို ကိုယ်စားပြုရန် စဉ်းစား​ နေကြောင်း သတင်းများက ဆိုကြသည်။ မိမိအနေနှင့် နိုက်ဂျီးရီးယား ဘောလုံး အဖွဲ့ချုပ်က လက်ရွေး​ စင်​ အဖြစ် ကိုယ်စားပြုပေးပါရန် ကမ်းလှမ်းလာမှုကြောင့် ပြောမပြတတ်အောင် ဂုဏ်ယူမိကြောင်း အိုနူဟာက ဆိုသည်။

ထို့အပြင် အင်္ဂလန် လက်ရွေးစင် ဖြစ်ခွင့်ရမည့် အခွင့်အရေး ကိုလည်း စိတ်ဝင်စားမိပြီး ဖြစ်နိုင်ခြေမှာမူ အာဖရိက နိုင်ငံအသင်းဖက် ပိုမို အားသန်ကြောင်း အိုနူဟာက ဝန်ခံခဲ့သည်။ နိုက်ဂျီးရီးယား နည်းပြ လားလာဂျာဘက် ကလည်း ၎င်း၏အသင်း လူစာရင်းတွင် အိုနူဟာအား ဖြည့်တင်းသွားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ မိမိ အနေနှင့် ကမ္ဘာ့ဖလားပွဲ အတွက် (၂၃)ဦး လူစာရင်းကို ရွေးချယ်ရန် ကစားသမား (၄၅)ဦးအား လျာထားပြီး ဖြစ်ကြောင်း၊ ယင်းတို့အနက် အများစုသည် ဥရောပ၌ ကစားနေ​ သူ​များ ဖြစ်ကြပြီး အိုနူဟာလည်း အပါအဝင် ဖြစ်ကြောင်း ဆွီဒင်သား နည်းပြကြီးက အတည်ပြုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here