ဂျပန်နိုင်ငံ၏ စက်မှု ကုန်ထုတ်လုပ်ငန်း ကျဆင်းနေ

alt

ဂျပန်နိုင်ငံ၏ စက်မှုကုန်ထုတ် လုပ်ငန်းများသည် တနှစ်အတွင်း ပထမဆုံး အကြိမ် ကျဆင်း​သွား​ ကြောင်း သိရှိရသည်။

ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် တိုင်းပြည်၏ စက်မှုလုပ်ငန်း အချို့ ထိခိုက်ခဲ့ပြီးနောက် (၁၂)လ အတွင်း ဂျပန်စက်မှု ထုတ်ကုန်များ ပမာဏသည် ဖေဖော်ဝါရီလ တွင် ပထမဆုံး အဖြစ် (၀.၉) ရာခိုင်​ နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။ အစိုးရ၏ စစ်တမ်း အသစ်အရ နိုင်ငံ၏ အလုပ်လက်မဲ့ အရေ​ အတွက်​မှာမူ အပြောင်းအလဲ မရှိသေးဘဲ (၄.၉) ရာခိုင်နှုန်းသည် အလုပ်အကိုင် မရှိကြသေးကြောင်း သိရှိရသည်။

ထို့အပြင် နိုင်ငံအတွင်းရှိ မိသားစုများ၏ ပျမ်းမျှ အသုံးစားရိတ်သည် ဖေဖော်ဝါရီလ အတွင်းက (၀.၅) ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ဈေးကွက် လေ့လာသူများက ဂျပန်၏ စက်မှုကုန်ထုတ် ပမာဏ​ သည် ဖေဖော်ဝါရီလ အတွင်း ကျဆင်းမည်ဟု ကြိုတင်ခန့်မှန်း ထားသော်လည်း မူလ သုံးသပ်ထားသည့် (၀.၅) ရာခိုင်နှုန်းထက် အမှန်တကယ် ယုတ်လျော့မှုက ပိုမို​ များပြားလျှက် ရှိသည်။ တလအတွင်း ကျဆင်းမှုများ ဖြစ်ခဲ့သော်လည်း တနှစ်လုံး အနေနှင့် ဂျပန်၏ စက်မှုထုတ်ကုန် တန်ဖိုးသည် (၃၁.၃) ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရသည်။

ဂျပန်၏ အလုပ်လက်မဲ့ အရေအတွက်မှာမူ မူလ တန်ဖိုးအတိုင်း မပြောင်းမလဲဘဲ (၄.၉) ရာခိုင်နှုန်းဖြင့်သာ ဆက်လက် ရပ်တည်နေသည်။ စစ်တမ်းများ အရ ဂျပန်တွင် အလုပ်​ ရှာနေသူ လူ(၁၀၀)အတွက် အလုပ်အကိုင် နေရာမှာ (၄၇)နေရာသာ ရှိနေကြောင်း သိရသည်။ ဂျပန် အမျိုးသား အလုပ်အကိုင် သုတေသနဌာနမှ ပညာရှင် တာရိုဆိုင်တိုက ပြီးခဲ့သည့် တနှစ်အတွင်း ပထမဆုံး အကြိမ် စက်မှု ကုန်ထုတ်လုပ်ငန်း ကျဆင်းမှုသည် အနည်းငယ် စိုးရိမ်စရာ ညွှန်ကိန်းတစ်ခုအဖြစ် ယူဆနိုင်ကြောင်း သုံးသပ်ပြောဆို သွားခဲ့​ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here