ဆေးလိပ် သောက်ခြင်းကြောင့် အိုင်ကျူ​ (IQ) ကျဆင်းနိုင်

alt

ဆေးလိပ် သောက်ခြင်းသည် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်လာစေကြောင်း ပညာရှင်​များ​ က ပြောဆိုထားပြီး ဖြစ်သည်။

သို့သော်လည်း အသစ်လေ့လာ တွေ့ရှိသည့် စစ်တမ်းများအရ ဆေးလိပ် အလွန်အကျွံ သောက်ခြင်း​ သည် လူတဦး၏ ဉာဏ်ရည်ဉာဏ်သွေး IQ ကိုပါ ကျဆင်းစေကြောင်း သိရှိရသည်။ တနေ့လျှင် စီးကရက် အလိပ်(၂၀)ထက် မနည်း သောက်သုံးသော လူငယ်များတွင် အဆုတ်ကို ထိခိုက်စေရုံမျှ မက ဉာဏ်ရည်ကိုပါ ယုတ်လျော့စေကြောင်း သုတေသီများက ဆိုသည်။

လူငယ်ပိုင်း အရွယ် (၂၀၀၀၀၀)တို့၏ နေထိုင်မှု အလေ့အထများကို လေ့လာပြီးနောက် ပညာရှင်​များ​ က ယခု ရလဒ်အား ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ အသက်(၁၈)နှစ် မှ (၂၁)နှစ်ကြား လူငယ်​ များအား လေ့လာခဲ့ပြီး နောက် တနေ့လျှင် စီးကရက် တဘူးနှင့်အထက် သောက်သော လူငယ်များတွင် မသောက်သူ များထက် IQ အဆင့်မှာ (၇.၅)ထက် မနည်း ကျဆင်းသွားကြောင်း တွေ့ရှိရသည်။

ထို့ကြောင့်လည်း ထိုအရွယ်တွင် ပျမ်းမျှအားဖြင့် ဆေးလိပ် မသောက်သူများ၏ IQ အဆင့်မှာ (၁၀၁)မျှ​ ရှိပြီး ဆေးလိပ်သောက်သူ များမှာ (၉၄)မျှသာ ရှိတော့ကြောင်း ဆရာဝန်များက ဆိုသည်။ အစ္စရေး နိုင်ငံရှိ တယ်ဟက်ရှိုမာ ဆေးရုံမှ ရှီဘာ ဆေးသုတေသန ဌာနတွင် ပြုလုပ်သော လေ့လာမှုများနောက် ယခုလို ရလဒ်အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင် သုတေသီ ဒေါက်တာ မတ်ဝီဇာက ပြောကြား​ ခဲ့သည်။

သို့သော်လည်း ၎င်းအနေနှင့် အဘယ်ကြောင့် ဆေးလိပ်သောက်ခြင်းက ဉာဏ်ရည်ကို ထိခိုက်စေကြောင်း တိတိကျကျ မပြောနိုင် သေးကြောင်းလည်း ဒေါက်တာဝီဇာက ဝန်ခံ​ ခဲ့သည်။ ဒေါက်တာ ဝီဇာက IQ အဆင့်သည် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်မှု နည်းပါးသူများ၊ ကျန်းမာရေးနှင့် မသင့်တော်သည့် အစားအသောက်များ အလွန်အကျွံ စားသောက်လေ့ ရှိသူများနှင့် မူးယစ်ဆေးဝါး စွဲနေသူ များတွင်လည်း နိမ့်ကျနေတတ်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here