ဒူဘိုင်းတွင် လက်ချောင်း ထောင်ပြမိသော ဗြိတိန်နိုင်ငံသား ထောင်​၆​လ​ ကျခံရဖွယ်​ ရှိ

alt

ဒူဘိုင်းတွင် လက်ချောင်း ထောင်ပြမိသော ဗြိတိန် နိုင်ငံသား တဦးသည် ထောင်ကျမည့် အရေးနှင့် ကြံု​ နေရပြီ ဖြစ်သည်။

အသက်(၅၆)နှစ်ရှိ ဆိုင်မွန်အင်ဒရူးသည် အီရတ်လူမျိုး ကျောင်းသားတဦးအား လက်ချောင်း ထောင်​ ပြမိပြီးနောက် ဒူဘိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ အင်ဒရူးနှင့် အသက်(၁၈)နှစ် အရွယ် အီရတ် လေကြောင်းပညာ ကျောင်းသားဖြစ်သူ မာမွတ်ရာရှစ် တို့သည် ကိစ္စတခုအား အခြေအတင် စကားများ​ ရင်း အင်ဒရူးက မာမွတ်အား လက်ချောင်းဖြင့် ထောင်ပြ လိုက်မိခြင်းကြောင့် ယခုလို အဖမ်းခံလိုက်​ ရခြင်း ဖြစ်သည်။

လွန်ခဲ့သော (၈)လက ဖြစ်ပွားခဲ့သော ကိစ္စတွင် လက်ညှိုးဖြင့် ​ထောင်​ပြခြင်းမှာ လူတဦးအား စော်ကား​ ခြင်း အဖြစ် မွတ်ဆလင် ဘာသာရေးအရ ယုံကြည် ထားခြင်းကြောင့် အင်ဒရူးမှာ ထိုအမှုအား ရင်ဆိုင်​ ရမည် ဖြစ်ပြီး ဒူဘိုင်းမှ ထွက်ခွာခွင့် မရဘဲ ဖြစ်နေခဲ့သည်။ ယခုအခါ ယင်းအမှုအား ပြန်လည်ကြားနာ စစ်ဆေးမည်ဖြစ်ပြီး အင်ဒရူးအနေနှင့် ထောင်ဒဏ် (၆)လ အထိ ကျခံရမည့် အခြေအနေမျိုး ကြံုနေ​ ရသည်။

ဒူဘိုင်း တရားရုံးက အဆိုပါ အမှုအား ဧပြီလ (၄)ရက်နေ့တွင် ကြားနာမည်ဟု အတည်ပြုထားသည်။ သတင်းများ၏ အဆိုအရ (၈)လကြာ ရုံးချိန်းများအတွင်း အီရတ် ကျောင်းသား မာမွတ်သည် တရားခွင်​ သို့ တက်ရောက်ခဲ့ခြင်း မရှိသလို ၎င်းတိုင်ကြားခဲ့သည့် ကိစ္စမှာလည်း မျက်မြင်သက်သေ မရှိကြောင်း သိရှိရသည်။ ထို့အပြင် တရားရုံးက စွပ်စွဲမှုအတွက် မာမွတ်အား သက်သေ အထောက်အထား တင်ပြရန် တောင်းဆိုခဲ့သော်လည်း မပြသ နိုင်သေးချေ။ အင်ဒရူးကမူ ယခုအမှု ပြီးပြတ်ချိန်တွင် ၎င်းအနေနှင့် ထောင်မကျဘဲ ဗြိတိန် ပြန်ခွင့်ရမည်ဟု ယုံကြည်​နေကြောင်း ပြောကြားခဲ့သည်။

ဒူဘိုင်းသည် ဗြိတိန် နိုင်ငံသားများ အတွက် မကြာခဏ ပြဿနာ တက်လေ့ရှိသည့် နေရာတခုလည်း ဖြစ်သည်။ (၂၀၀၈)ခုနှစ် အတွင်းက IT လုပ်ငန်း မန်နေဂျာ တဦးဖြစ်သည့် ဗင်ဆင့်အေကော် နှင့် ကုမ္ပဏီ အမှုဆောင် မစ်ချယ်လီ ပယ်မာ တို့သည် ဂျူမီရာကမ်းခြေ သဲသောင်ပြင်ပေါ်တွင် လိင် ဆက်ဆံနေမှုဖြင့် ထောင်ချ ခံခဲ့ရသည်။ ယခုနှစ် ဇန်နဝါရီ​ လ ကလည်း ဗြိတိန် နိုင်ငံသား တဦးနှင့် ၎င်း၏ချစ်သူတို့သည် ဒူဘိုင်းရှိ ဟိုတယ်တခုတွင် လက်မထပ်ဘဲ လိင် ဆက်ဆံသဖြင့် ထောင်ကျမည့် အခြေအနေ ကြံုနေရပြီး ပြီးခဲ့သည့်​ လ ကလည်း ဒူဘိုင်းမြို့ခံ အေမန်နာဂျာဖီကို နမ်းမှုဖြင့် ဗြိတိန်သူ Marketing ဝန်ထမ်း ချာလော့တီအဒမ် အား ဒူဘိုင်းရဲက ဖမ်းဆီးခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here