ခရက်ဒစ် ကဒ် နံပါတ်များ လှည့်ဖျားယူသည့် အမေရိကန် နိုင်ငံသား ထောင်ဒဏ် ချမှတ်ခံရ

alt

အမေရိကန် နိုင်ငံ၊ ဘော်စတွန်မြို့၌ Hacker တဦးအား Credit Card Account များ လိမ်လည် လှည့်ဖျား ခိုးယူမှုဖြင့်

ထောင်ဒဏ် အနှစ်(၂၀) ချမှတ်လိုက်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အယ်လ်ဘတ်တို ဂွန်ဇာလက်သည် TJX Cos.၊ BJs Wholesale Club နှင့် ဆဲဗင်း၊ အလဲဗင်း စသော အခြား လုပ်ငန်းကြီးများမှ Credit Card Accout များစွာကို ခိုးယူခဲ့သူ ဖြစ်သည်။ အသက် (၂၈)နှစ်ရှိ ဂွန်ဇာလက် ချမှတ်ခံရသော ပြစ်ဒဏ်သည် ကမ္ဘာ့ ကွန်ပြူတာ ရာဇဝတ်မှု သမိုင်းတွင် သက်တမ်း အရှည်ဆုံး အဖြစ်လည်း မှတ်တမ်းဝင် သွားခဲ့သည်။

မိုင်ယာမီ ဇာတိဖွား ဂွန်ဇာလက်သည် Online တွင် Soup nazi နှင့် Segvec စသည့် နာမည်တုများ အသုံးပြုကာ ထိုးဖောက်လေ့ရှိပြီး Credit Card နံပါတ်ပေါင်း သန်းနှင့်ချီ ခိုးယူခဲ့ကြောင်း သိရှိရသည်။ ဂွန်ဇာလက်သည် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ထောင်ဒဏ် (၁၅)နှစ်မှ နှစ်(၂၀)အတွင်း ချမှတ် ခံရနိုင်ကြောင်း အစိုးရ ရှေ့နေများက မှတ်ချက်ပြုထားခဲ့ပြီး မတ်လ (၂၄)ရက်နေ့တွင်မူ ယခု ပြစ်ဒဏ်အား တရားဝင် စီရင်သတ်မှတ် ခံလိုက်ရပြီ ဖြစ်သည်။

အမေရိကန် ခရိုင်တရားသူကြီး ပက်တီဆာရစ်က (၂၀၀၈)ခုနှစ်၊ မေလက ဖလော်ရီဒါရှိ ဟိုတယ်ခန်း တခုအတွင်း ဖမ်းဆီးရမိခဲ့သော ဂွန်ဇာလက်သည် ပြစ်မှု ထင်ရှားကြောင်း ဝန်ခံ ထွက်ဆို ပြီးနောက် ယခုပြစ်ဒဏ်ကို အတည်ပြု လိုက်ကြောင်း အမိန့်ချခဲ့သည်။ သတင်းများ၏ အဆိုအရ ဂွန်ဇာလက် နှင့်အတူ အဆိုပါ ပြစ်မှုများတွင် ရုရှားနိုင်ငံမှ Hacker များလည်း ဆက်သွယ် ပါဝင်ဖွယ် ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here