တောင်ကိုရီးယား တိုက်သင်္ဘောမှ ပျောက်ဆုံးသူများ ရှာဖွေရေး အမေရိကန် ရေတပ်ကူညီ

alt

ပေါက်ကွဲ နစ်မြုပ်သွားသည့် တောင် ကိုရီးယား တိုက်သင်္ဘောမှ ပျောက်ဆုံး နေသူများကို ကူညီ ရှာဖွေရာတွင် အမေရိကန် ရေတပ် ကပါ ပူးပေါင်း ပါဝင်လာပြီ ဖြစ်သည်။

အမေရိကန် ရေတပ်သင်္ဘော (၄)စင်း တို့သည် ပင်လယ်ဝါ အတွင်း မြောက်ကိုရီးယားနှင့် နယ်နိမိတ် အနီးတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောမှ ပျောက်ဆုံးနေသူ (၄၆)ဦးအား လိုက်လံကူညီ ရှာဖွေနေကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲ စစ်ဆင်ရေးဌာန တာဝန်ရှိသူ တဦးကဆိုသည်။ ချီအွန်နန် အမည်ရှိ ရေတပ်သင်္ဘောသည် မတ်လ(၂၆)ရက်နေ့က နစ်မြုပ်သွားပြီး ယခုအခါ သင်္ဘော၏ ပဲ့ပိုင်းကို ရှာတွေ့ထားကြောင်း သိရသည်။

ရေတပ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက ပါဝင်နေကြောင်း အထောက်အထားမျိုး မတွေ့ရဟုလည်း တောင်ကိုရီးယား ရေတပ်ကဆိုသည်။ ယခုအချိန်ထိ အသက်ရှင်လျက် ရေတပ်သား (၅၈)ဦးအား ကယ်တင် ထားနိုင်သော်လည်း ကျန်နေသော ပျောက်ဆုံးသူ များကိုမူ ရေတပ်နှင့်လေတပ်က အကြီးစား ရှာဖွေမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် တောင်ပိုင်းတွင် အခြေစိုက်သည့် အမေရိကန်၏ အမှတ်(၇)ရေတပ်မှ သင်္ဘော(၄)စင်းသည် စစ်ရေး လေ့ကျင့်မှုများ ပြုုလပ်နေရာမှ ရှာဖွေရေး တာဝန်ကို ကူးပြောင်းရယူကာ တောင်ကိုရီးယား နိုင်ငံအား ပူးပေါင်း ကူညီခဲ့သည်။ တောင်ကိုရီးယား ရေတပ်က သင်္ဘောပျက်စီးရခြင်း၏ အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ် နိုင်သေးကြောင်းလည်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here