ရင်သားကင်ဆာ ဝေဒနာရှင် အမျိုးသမီးများ ရောဂါကုသ ဟန့်တားရေး နည်းလမ်းသစ်

alt

ရင်သားကင်ဆာ ဖြစ်ပွားနေသော အမျိုးသမီး များတွင် ကိုယ်ဝန်ဆောင် သားဖွားမှု ပြုလုပ်ခဲ့ပါက ကင်ဆာ၏ ဆိုးကျိုးကို ဟန့်တားနိုင်မည် ဖြစ်ကြောင်း သုတေသန စစ်တမ်းတခု က ဖော်ပြ ခဲ့သည်။ 

ဆရာဝန်များက ကင်ဆာ ဖြစ်ပွားနေသော အမျိုးသမီးတဦး ကိုယ်ဝန် ဆောင်လာပြီးချိန် တွင်သေလောက်သည် အထိ ပြင်းထန်လာသည့် အခြေအနေမျိုး သိသာထင်ရှားစွာ လျော့ကျ သွားလေ့ ရှိကြောင်း ပြောကြားခဲ့ကြသည်။ ထို့အပြင် ရောဂါ တကျော့ပြန် ဆိုးရွားလာမှု မှာလည်း ရာခိုင်နှုန်း အလွန်ကျ သွားလေ့ရှိကြောင်း ရင်သားကင်ဆာ ဝေဒနာရှင် အမြောက်အမြား၏ ဆေးမှတ်တမ်းကို လေ့လာပြီးနောက် ဘယ်ဂျီယံမှ သုတေသီများက ပြောကြားခဲ့ကြသည်။

မတ်လ (၂၆)ရက်နေ့က စပိန်နိုင်ငံ၊ ဘာစီလိုနာတွင် ကျင်းပသည့် ဥရောပ ရင်သားကင်ဆာ တိုက်ဖျက်ရေး ညှိနှိုင်း အစည်းအဝေးတွင် ဘယ်ဂျီယံနိုင်ငံ၊ ဂျူးလက်ဘောဒက် ပညာရေးဌာနမှ ဒေါက်တာဟေတမ်အဇင်က ယခု တွေ့ရှိချက်ကို တင်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် ရင်သားကင်ဆာ ဖြစ်ပွားနေသော အမျိုးသမီး (၁၈၀၀၀)နှင့် ရင်သားကင်ဆာ ဖြစ်ပွားနေစဉ် ကိုယ်ဝန်ရှိနေသော အမျိုးသမီး (၁၄၀၀)တို့၏ ရောဂါ မှတ်တမ်းများကို စံနစ်တကျ လေ့လာမှုများ ပြုလုပ်ခဲ့သည်။

ရလဒ်များ အရ ကိုယ်ဝန်ဆောင်သော ရောဂါရှင် အမျိုးသမီးများတွင် ရောဂါအခြေအနေ ဆိုးရွားလာမည့် အနေအထား မှာ ပျမ်းမျှအားဖြင့် (၄၂)ရာခိုင်နှုန်း အထိ ကျဆင်သွားကြောင်း ဒေါက်တာအဇင်က ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း ဟိုမုန်း အပြောင်းအလဲနှင့် သက်ဆိုင်မည်ဟု ကနဦး ယူဆထားကြောင်းလည်း ဒေါက်တာအဇင်က ဘာစီလိုနာမြို့ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here