ရောဘတ်ပက်တင်ဆန် ဖယောင်း​ ရုပ်တု မဒမ်တူးဆော့ ပြတိုက်တွင် စတင်​ ထားရှိ

alt

လန်ဒန်မြို့ရှိ မဒမ်တူးဆော့ ပြတိုက်​ တွင် ရောဘတ်​ ပက်တင်ဆန်၏ ဖယောင်းရုပ်တုအား မတ်လ​ (၂၅)ရက်​ နေ့က စတင် ထားရှိလိုက်ပြီ ဖြစ်သည်။

ထိုနေ့က ပက်တင်ဆန်အား အရူးအမူး အားပေးသူ ပရိသတ် အနည်းငယ်ကို ရုပ်တု ဖွင့်ပွဲအဖြစ် ဖိတ်ခေါ် ပြသခဲ့သည်။ ပက်တင်ဆန်၏ ပရိသတ် တစ်ဦးဖြစ်သူ ကေတီဆီရာ Twilight နှင့် Remember Me ဇာတ်ကားများမှ စတား​ သရုပ်ဆောင်​ မင်းသား၏ ပုံတူ ရုပ်တုမှာ အလွန်​ လက်ရာမြောက်ပြီး ကြည့်ကောင်းလှကြောင်း ချီးကျူး ခဲ့ကြသည်။

မဒမ်တူးဆော့ ပြတိုက်ပြောရေး ဆိုခွင့်ရအရာရှိ လစ်အက်ဒွက်က ပက်တင်ဆန်သည် လက်ရှိ ရုပ်ရှင်လောက၏ အတောက်ပဆုံး ကြယ်ပွင့် တစင်း ဖြစ်နေပြီး ယင်း၏ ရုပ်တုအား ပြသခွင့် ရခြင်း အပေါ် ဂုဏ်ယူမိကြောင်း ပြောဆို သွားသည်။ ပက်တင်ဆန်၏ ဖယောင်း ရုပ်တုအတွက် ပေါင်​ စတာလင် တသိန်းခွဲ ကုန်ကျခဲ့ကြောင်း​ လည်း သိရသည်။

ပြီးခဲ့သည့်နှစ်က လန်ဒန်မြို့ခံ အမျိုးသမီးများအား ကောက်ခံခဲ့သော စစ်တမ်းတွင် အထက်တန်း ကျောင်းသား အဆိုတော်လေး ဇက်အက်ဖရွန်၏ ဖယောင်းရုပ်တုမှာ Pirates of Caribbeanနှင့် Alice in Wonderland စတား ဂျွန်နီဒပ်နှင့် ဘောရစ်ဂျွန်ဆင် တို့ကိုကျော်ကာ နမ်းချင်စရာ အကောင်းဆုံး ဖယောင်းရုပ်တု​ အဖြစ် မဲပေး ရွေးချယ်​ ခံရဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here