မန်ယူအသင်းတွင် အိုဝင်ဟာဂရေ့ ပြန်လည် ကစား နိုင်တော့မည်

alt

မန်ချက်စတာ ယူနိုက်တက်မှ ကွင်းလယ် ကစားသမား အိုဝင် ဟားဂရေ့သည် ယခုအခါ အရံအသင်း နှင့် လေ့ကျင့်ခန်း ဆင်းနေရာမှ အသင်းကြီးသို့ ပြန်လည် ပေါင်းစည်း နိုင်ပြီဟု သိရသည်။

အသက်(၂၉)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ဟောင်းသည် ဒဏ်ရာကြောင့် (၁၈)လကြာ နားခဲ့ရ ပြီးနောက် အရံအသင်းနှင့် အတူ လေ့ကျင့်ခန်း ဆင်းနေခြင်း ဖြစ်သည်။

ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ဟားဂရေ့ ပြန်လည် သက်သာလာခြင်း အတွက် ကျေနပ်မိကြောင်း ပြောကြားသွားသည်။ ယခုအခါ ယူနိုက်တက် အရံအသင်းနည်းပြ အိုလေဂန်နာ ဆိုးရှားက ကွင်းလယ် ဖျက်တွင် ကျွမ်းကျင်စွာ ကစားနိုင်သည့် ဘေယန်မြူးနစ် ကစားသမားဟောင်းသည် အသင့် အနေအထား ဖြစ်နေပြီဟု ဖာဂူဆန်ထံ သတင်းပို့ခဲ့သည်။ ဟားဂရေ့ကလည်း မိမိအနေနှင့် ယူနိုက်တက် နှင့်အတူ ပွဲထွက်ပြန်လည် ကစားနိုင်မည့် အချိန်အတွက် မစောင့်နိုင်အောင် ဖြစ်နေမိကြောင်း ပြောကြားထားသည်။

ဟားဂရေ့သည် (၂၀၀၈)ခုနှစ်က ယူနိုက်တက်အသင်း ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲများတွင် အောင်ပွဲ ခံစဉ်က အကောင်းဆုံး ခြေစွမ်းပြ နိုင်ခဲ့သော်လည်း (၂၀၀၉)နှင့် (၂၀၁၀)ခုနှစ်များအတွင်း ဒဏ်ရာကြောင့် တချိန်လုံး နားနေခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here