Earth Hour အစီအစဉ် အတွက် ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ ပါဝင်ကြမည်

alt

မတ်လ (၂၇)ရက်နေ့တွင် ပြုလုပ်မည့် Earth Hour အစီအစဉ်အတွက် ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ပေါင်း များစွာတို့က ပါဝင်ရန်

စာရင်းပေးထားပြီး ဖြစ်သည်။

နိုင်ငံအလိုက် ဒေသ စံတော်ချိန်ည (၈)နာရီခွဲမှ (၉)နာရီခွဲ အထိ လျှပ်စစ်မီးများ ပိတ်ထားမည့် အစီ အစဉ်အတွက် အမေရိကန်ရှိ နေအိမ်များအပြင် Walgreens ကဲ့သို့ ကုန်စုံဆိုင် လုပ်ငန်းများပါ တနာရီလုံးလုံး မီးမှောင်ချထားမည်ဟု သိရှိရသည်။

(၂၀၀၇) ခုနှစ်က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် စတင်ခဲ့သော သဘာဝ ဝန်းကျင် ဖောက်ပြန် ပြောင်းလဲမှုကို လူအများ သတိပြု ပါဝင်စေရေး အထိမ်းအမှတ် လှုပ်ရှားမှုသည် တနှစ်ပြီးတနှစ် အရှိန် ကောင်းလာခဲ့ပြီး ယမန်နှစ်က ကမ္ဘာ့နိုင်ငံ (၈၇)ခုရှိ မြို့ပေါင်း (၄၀၀၀)ကျော်မှ သန်းပေါင်း မြောက်များစွာသော ပြည်သူများသည် ထိုနေ့ရက်၊ နာရီတွင် တခုတ်တရ ဝင်ရောက် ဆင်နွှဲခဲ့သည်။

ထိုစဉ်က အမေရိကန်နိုင်ငံသား သန်း(၈၀)ခန့်မှာလည်း လှုပ်ရှားမှုတွင် ပါဝင်ကာ တနာရီလုံး မီးမှိတ်ထားခဲ့ကြသည်။ ယခု နှစ်တွင်လည်း ကမ္ဘာ့နိုင်ငံ (၁၀၀)ကျော်မှ ပြည်သူ သန်းပေါင်းများစွာ ပါဝင်မည်ဟု သိရသည်။ အမေရိကန်ရှိ ဂိုးလ်ဒင်းဂိတ် တံတား၊ အင်ပါယာစတိတ် အဆောက်အအုံ၊ ဝီလီတာဝါ၊ စီယာတာဝါနှင့် နိုင်အာဂရာ ရေတံခွန် ဝန်းကျင်တို့တွင်ပါ ထိုအချိန် အပိုင်းအခြားအတွင်း မီးမှောင် ချထားမည်ဟု သိရသည်။

Online စွယ်စုံကျမ်း ဝဘ်ဆိုဒ် Wikipedia ၏ ဖော်ပြချက်အရ (၂၀၁၀) ခုနှစ် Earth Hour အစီအစဉ်သည် စံချိန်တင် အကြီးကျယ်ဆုံး ဖြစ်ပြီး နိုင်ငံပေါင်း (၁၂၁)ခုမှ လူပေါင်း တဘီလျံအထိ ပါဝင်ကြမည်ဟု ခန့်မှန်းထားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here