မက်ဆေ့ချ် အပို့ လွန်သည့် ဆယ်ကျော်သက် ကျောင်းသူ လက်ကောက်ဝတ် ခွဲစိတ်မှု ခံယူ ရဖွယ်ရှိ

alt

Text Messageများ မကြာခဏ ပေးပို့လေ့ရှိသည့် ဆယ်ကျော်သက် အရွယ် ကျောင်းသူလေး တဦး သည် လက်ကောက်ဝတ် နှစ်ဖက်လုံး

ခွဲစိတ်မှု ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

အသက် (၁၆)နှစ်ရှိ အန်နီလီဗစ်သည် တနေ့လျှင် Message ပေါင်း (၁၀၀)အထိ ပေးပို့လေ့ ရှိသူ ဖြစ်သည်။ ယခုအခါ အမေရိကန်နိုင်ငံ၊ ချီကာဂိုတွင် နေထိုင်သော အန်နီသည် လက်များတွင် အာရုံ ခံစားမှု မရှိတော့ဘဲ လက်ကောက်ဝတ်မှ နာကျင်ကာ လက်ပတ်နာရီပင် မဝတ်နိုင်အောင် ဖြစ်နေ ကြောင်း သိရသည်။ ဆရာဝန်များက သူမအား Message ပေးပို့ရန် ဝါသနာပါမှုကို ဆင်ခြင်ရန်နှင့် တနေ့လျှင် Message (၅၀)ထက် မပေးပို့ရန် အကြံပြုထားသည်။

သူမကမူ လက်ရှိကိုင်နေသော ဖုန်းကိုသာ အပြစ်တင်ခဲ့ပြီး iPhone ကဲ့သို့ Touchscreen ဖုန်းတလုံးကို ပြောင်းသုံးပါက Message ပေးပို့ရာတွင် သက်သောင့်သက်သာ ရှိလိမ့်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ချီကာဂို မြောက်ပိုင်း (၃၅)မိုင်ခန့် အကွာရှိ အီလီနွိုက်မှ Adlai Stevenson အထက်တန်းကျောင်းတွင် ပညာသင်ကြား နေသည့် အန်နီ၏ လက်ကောက်ဝတ်သည် လိုအပ်ပါက ခွဲစိတ်မှု ခံယူရဖွယ် ရှိကြောင်း ဆရာဝန်များက ဆိုသည်။ လောလောဆယ်တွင် သူမအား နာကျင်မှု သက်သာစေသည့် ဆေးဝါးများဖြင့် ကုသပေးနေသည်။

အကယ်၍ ထိုမျှနှင့် အကျိုးမထူးပါက ခွဲစိတ်ခန်းသို့ ရောက်ရမည် ဖြစ်ကြောင်း ဆရာဝန်များထံမှ သတိပေးချက် ရရှိထားသည်ဟု အန်နီက ဝန်ခံ ပြောဆိုခဲ့သည်။ အန်နီအား အဓိက တာဝန်ယူ ကုသပေးနေသည့် ဒေါက်တာဆိုဖီယာ အက်ဆန်တီဂျီဗစ်က Message ပေးပို့မှုကို အလွန်အကျွံ စွဲလန်းနေခြင်းသည် လူငယ်များကြားတွင် မူမမှန်သော လွှမ်းမိုးမှုတခု ဖြစ်လာနေကြောင်း မှတ်ချက်ပြုခဲ့သည်။ အန်နီက သူမသည် Message ပေးပို့ရန် စာရိုက်ရသည်ကို သဘောကျနေဆဲ ဖြစ်ကြောင်း၊ သို့သော်လည်း လောလော ဆယ်တွင် ဆင်ခြင်နေရကြောင်း သတင်းထောက်များထံ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here