နာမည်ကျော် နှစ်ဦး၏ တွိဒ်တာ Account များကို ဝင်ရောက်ခဲ့သူမှာ ဟက်ကာ မဟုတ်ဟု ဆို

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမားနှင့် နာမည်ကျော် အဆိုတော် ဘရစ်တနီ စပီးယားတို့၏ Twitter Account များကို ထိုးဖောက်

ဝင်ရောက်ခဲ့သူ ပြင်သစ် နိုင်ငံသားက ၎င်းသည် အများ စွပ်စွဲသကဲ့သို့ Hacker တဦး မဟုတ်ကြောင်း ငြင်းချက် ထုတ်လိုက်သည်။

မိမိသည် Hacker မဟုတ်ကြောင်း၊ သို့သော်လည်း လုံခြံုရေး ရှုထောင့်အရ အားနည်းချက် များကို စူးစမ်း ရှာဖွေပေးနေသည့် Kind Pirate တဦးဟု သတ်မှတ်ပါက နီးစပ်မည် ဖြစ်ကြောင်း ပြင်သစ် ရဲ တပ်ဖွဲ့က ဖမ်းဆီးခြင်း ခံရသူ အသက် (၂၃)နှစ် အရွယ် ပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကို FBI နှင့် ပြင်သစ် ရဲတပ်ဖွဲ့တို့က ပူးပေါင်း ခြေရာခံကာ Privacy ချိုးဖောက်မှုများ အတွက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က Surname ထုတ်ဖော် ကြေညာခြင်း မရှိသော ဖရန်ကွိုက် ဆိုသည့် အလုပ်လက်မဲ့ ကွန်ပျူတာ ကျွမ်းကျင်သူသည် Twitter နှင့် Google မှ Account အတော်များများအား ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲ ခံထားရသည်။

၎င်းထိုးဖောက်ခဲ့သည့် Account များတွင် အိုဘားမားနှင့် ဘရစ်တနီ တို့၏ Account များပါ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပြီး လက်တလောတွင် ဖရန်ကွိုက်အား အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။ Hacker Croll ဆိုသော အမည်ကိုယူကာ ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော ဖရန်ကွိုက်အား ဇွန်လ (၂၄)ရက် နေ့တွင် ရုံးတင် စစ်ဆေးမှု များ စတင်ပြုလုပ် သွားမည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here