အိန္ဒိယ စစ်တပ်က ငရုတ်သီး လက်နက် အသုံးပြုမည်ဟု ကြေညာ

alt

အကြမ်းဖက် သမားများအား နှိမ်နင်းရန် ငရုတ်သီး ကို အသုံးပြု သွားမည်ဟု အိန္ဒိယ စစ်တပ်က ကြေညာ လိုက်သည်။

Bhut Jolokia ခေါ် ငရုတ်သီးသည် ဂင်းနစ် မှတ်တမ်း စာအုပ်အတွင်း ကမ္ဘာ့ အစပ်ဆုံး ငရုတ်သီး အဖြစ် ဖော်ပြခြင်း ခံထားရပြီး ယင်းကို လက်နက်အဖြစ် အသုံးပြုနိုင်ရေး အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက လေ့လာလျှက် ရှိသည်။ ယင်းငရုတ်သည် သာမန် ငရုတ်သီးများ ထက် အဆပေါင်း များစွာ ပိုစပ်ပြီး စူးရှပြင်းထန်သော အနံ့မျိုးလည်း ရှိသည်။

ထိုငရုတ်ကို လက်နက်အဖြစ်၊ ဗုံးအဖြစ် အသုံးပြုခြင်းဖြင့် စစ်သွေးကြွများ ခိုအောင်းနေရာမှ ထွက်လာစေရန်နှင့် အသက် မသေဘဲ အရှင် ဖမ်းနိုင်စေရန် ဆောင်ရွက်နိုင်မည်ဟု ကာကွယ်ရေး ဌာန လက်အောက်ခံ သုတေသန ဌာနမှ သိပ္ပံ ပညာရှင် များက ဆိုသည်။ ယင်းငရုတ်ကို Ghost Chili ဟုပင် တင်စား ခေါ်ဝေါ်ကြပြီး အိန္ဒိယ မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် တို့တွင် အများအပြား တွေ့ရလေ့ရှိသည်။ ယင်း ငရုတ်သည် ငရုတ်သီးစပ်ခြင်းကို တိုင်းတာသည့် Scoville ယူနစ် တသန်း ကျော်ရှိကြောင်း သိရသည်။

သမားရိုးကျ Jalapeno ငရုတ်သီးများမှာမူ Scoville ယူနစ် (၂၅၀၀)နှင့် (၈၀၀၀) အတွင်းသာ ရှိတတ်ကြသည်။ ယခု အခါ ယင်းငရုတ်သီးအား လက်နက်အဖြစ် အသုံးချ ရေး အစမ်း သုတေသန လုပ်ငန်းများပင် စတင်နေပြီဟု သိရသည်။ ထို့ အပြင် ကာကွယ်ရေး ဌာနသည် ရဲမေ များအတွက် ကာကွယ်ရေး ကဏ္ဍတွင် အသုံးပြုရန် ငရုတ်ရည် Spray တမျိုးကိုလည်း စမ်းသပ် တီထွင်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here