အမေရိကန် တို့အား အိုစမာဘင် လာဒင် သတိပေး ခြိမ်းခြောက်နေ ပြန်

alt

အမေရိကန်များ အနေနှင့် ခါလစ်ရှိတ် မိုဟာမက် ကို သတ်ပစ်ပါက အယ်လ် ကိုင်းဒါး အဖွဲ့က ဖမ်းဆီး မိသည့် အမေရိကန် အကျဉ်းသား များလည်း

အသေဆိုးဖြင့် သေရလိမ့်မည်ဟု အိုစမာဘင် လာဒင်က သတိပေး ခြိမ်းခြောက်လိုက်သည်။

ခါလစ်သည် စက်တင်ဘာ (၁၁)ရက်နေ့ အကြမ်းဖက်မှုကြီးကို အဓိက ကြိုးကိုင် စီစဉ်ခဲ့သူဟု စွပ်စွဲ ခံထား ရသည်။ ဘင်လာဒင်က မတ်လ (၂၅)ရက်နေ့တွင် ပို့လွှတ်လိုက်သည့် အသံသွင်း တိပ်ခွေသစ်တွင် အမေရိကန် အနေနှင့် ခါလစ်အား သတ်ပစ်မည်ဟု ဆုံးဖြတ်သော နေ့တွင် ဆိုးရွားသော အတွေ့အကြံု များကို ခံစားရစေမည်ဟု ခြိမ်းခြောက်ထားပြီး အယ်လ်ကိုင်းဒါး တို့လက် ကျရောက်လာသည့် အမေရိ ကန် စစ်သားတိုင်း အသေဆိုးဖြင့် သေရမည်ဟု ပြောကြားထားသည်။

(၂၀၀၁) ခုနှစ်က အမေရိကန် လေယာဉ်များကို အပိုင်စီးကာ နယူးယောက် နှင့် ဝါရှင်တန်ဒီစီ တို့တွင် အယ်လ်ကိုင်းဒါး တို့က အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း(၃၀၀၀)ခန့် သေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်သည် အမေရိကန်က အာဖဂန်နစ္စတန်သို့ ကျူးကျော်စစ် ဆင်နွှဲခြင်း ၏ အဓိက အကြောင်းရင်း ဖြစ်လာစေခဲ့သည်။ အမေရိကန် စစ်တပ်သည် ခါလစ်အား (၂၀၀၃) ခုနှစ်က ပါကစ္စတန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဟု သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here