မင်းသမီး ရွေးသည့် အေးဂျင့်အချို့ လူမျိုးရေး ခွဲခြားလေ့ ရှိကြောင်း Avatar မင်းသမီး ပြောကြား

alt

Avatar မင်းသမီး ဇိုးဆယ်ဒါနာက ဟောလီးဝုဒ်ရှိ Casting အေးဂျင့် အချို့သည် လူမျိုးရေး ခွဲခြားလေ့ ရှိကြောင်းစွပ်စွဲ ပြောကြားလိုက်သည်။

StarTrek ဇါတ်ကားတွင်လည်း ပါဝင်သရုပ် ဆောင် ထားသည့် မင်းသမီးက Nylon မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် အေးဂျင့် အချို့တို့သည် မင်းသမီး ရွေးသည့်အခါ လူဖြူ မင်းသမီးကိုသာ အလိုရှိကြောင်း ပြောင်ပြောင်တင်းတင်း ပြောဆိုလေ့ ရှိသည်ဟု ယိုးစွပ်လိုက်ခြင်း ဖြစ်သည်။

ထိုကိစ္စသည် ၎င်းတို့အတွက် ထမင်းစား ရေသောက် အပြုအမူမျိုး ဖြစ်နေပြီး အသားမည်း သူများကို နှိမ့်ချရာ ရောက်ကြောင်း ဇိုး က ပြောကြားခဲ့သည်။ အာဖရိကဖွား မင်းသမီးက မိမိအတွက် သဘာဝ အရေပြား အသားအရောင်သည် မြတ်နိုးစရာ ကောင်းကြောင်း၊ မိမိသည် အသားမည်းသူ ဖြစ်သော်လည်း ပိုမည်းသူနှင့် ယှဉ်ပါက ဖြူသည်ဟု သတ်မှတ်နိုင်မည် ဖြစ်ကြောင်း၊ ထိုကိစ္စသည် အရေးမကြီး သလို ထူးထူးခြားခြား လည်း ခံစားရမည့် အကြောင်း မဟုတ်ကြောင်း ဇိုး က ဆိုသည်။

သို့သော်လည်း သူမ၏ Avatar ဇာတ်ကားအတွင်း ဇာတ်ရုပ်တွင်မူ ဇိုး သည် ဇာတ်ကားတခုလုံး အပြာရောင် အသားအရေ နှင့် ဂြိုဟ်သူ မိန်းကလေး တဦးအဖြစ်သာ သရုပ်ဆောင် သွားရသည်။ သူမသည် The Losers နှင့် Death At A Funeral ဇာတ်ကား များကိုလည်း ဆက်လက် ရိုက်ကူး သရုပ်ဆောင် ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here