ကိုယ့်ကိုကိုယ် ရှုမြင်တတ်သူများ အချစ်ရေး ကံကောင်းတတ်ကြ

alt

မိမိကိုယ်ကို အမှန်အတိုင်း သုံးသပ် ရှုမြင်တတ်သူ များသည် အချစ်ရေး တွင် ပိုမို ကံကောင်းတတ်ကြောင်း ပညာရှင်များက သုံးသပ် ပြောကြား ခဲ့ကြသည်။

ထို့ကြောင့်လည်း လှပ သာယာသည့် အချစ် ဇာတ်လမ်းတခု ပိုင်ဆိုင်လိုသူ များသည် ရှိတ် စပီးယား ရေးသားခဲ့သည့် “To thine own self by true” ဆိုသည့် စာသားအတိုင်း ကျင့်သုံးသင့် ကြောင်း သုတေသီများက တိုက်တွန်းခဲ့သည်။ သုတေသန ရလဒ်များက လူတဦးအနေနှင့် မိမိ ကိုယ်ကို အမှန်အတိုင်း သုံးသပ်တတ်ပြီး ရှင်းလင်း ပြတ်သားသော အမြင်ရှိပါက ချစ်သူနှင့် ဆက်ဆံရေးတွင် ပိုမို ချောမွေ့ တတ်ကြောင်း ဖော်ပြလျှက်ရှိသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ တဖက်သားက မိမိ၏ ရိုးဂုဏ်အပေါ် ခံစား နားလည်စေပြီး ပိုမိုရင်းနှီး ကျွမ်းဝင်လိုစိတ် ဖြစ်ပေါ် လာတတ်ခြင်းကြောင့်ဟု သိရှိရသည်။ အမေရိကန်နိုင်ငံ၊ အိုဟိုင်းရိုး တက္ကသိုလ်မှ ဦးဆောင် သုတေသီ ပရော်ဖက်ဆာ အမ်မီဘရူနဲ က မိမိကိုယ်ကိုယ် အရှိအတိုင်း မြင်တတ်ခြင်းကြောင့် အချစ်ရေးတွင် ပိုမို ကံကောင်းတတ်သည်ကို ကျောင်းသူ၊ ကျောင်းသား (၆၂)ဦး အား လေ့လာမှုများ ပြုလုပ်ပြီး ကြေညာခဲ့ခြင်း ဖြစ်သည်။

လေ့လာမှုများ အရ အတွဲကိုယ်စီ သတ်သတ်မှတ်မှတ် ရှိနေသော ကျောင်းသူ၊ ကျောင်းသားများ အနက် မိမိ၏ အားသာချက်၊ အားနည်းချက်များကို အရှိအတိုင်း မြင်တွေ့ တတ်သူ အမျိုးသား၊ အမျိုးသမီး စုံတွဲများသည် ဆက်ဆံရေး အချောမွေ့ အသာယာဆုံး ဖြစ်နေကြကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here