ဝေဟင် ပိုင်နက်အတွင်း ကျူးကျော် ခဲ့သည့် ရုရှာဗုံးကြဲ လေယာဉ် ဓာတ်ပုံများ ဗြိတိန် လေတပ်ပြသ

alt

မတ်လ (၂၄)ရက်နေ့က ဗြိတိသျှ တော်ဝင်လေတပ် (RAF) သည် နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်း ကျူးကျော် ဝင်ရောက်လာသော

ရုရှား ဗုံးကြဲလေယာဉ်အား လေတပ် တိုက်လေယာဉ် များကလိုက်လံ ဟန့်တားနေသည့် ဓာတ်ပုံများကို တရားဝင် ပြသခဲ့သည်။

RAF မှ တိုက်လေယာဉ် များသည် ဒုတိယ ကမ္ဘာစစ် အတွင်း ဂျာမနီကို ဗုံးကြဲသည့် စစ်ဆင်ရေးများ အတွင်း နာမည်ကျော်ခဲ့သည့် ရုရှားပိုင်းလော့ ဗက်စလီ ရီရှက်နီကော့ဗ်​ ၏ အမည်ကို ဂုဏ်ပြု ရေးထိုးထားသည့် Blackjack အမျိုးအစား ရုရှား နျူကလီးယား ဗုံးကြဲလေယာဉ်အား လိုက်လံတားဆီး​ နှောင့်ယှက်မှု ပြုလုပ်ပြီးနောက် (၄)နာရီ အကြာတွင် ယင်း​လေယာဉ် သည် မြောက်ပိုင်းသို့ ဦးလှည့်ကာ ထွက်ခွာသွားကြောင်း RAF က ပြောကြားခဲ့သည်။

ရုရှား ပိုင်းလော့များက ငန်းဖြူကြီးဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် Tu160 Blackjack လေယာဉ်များ​သည် တန်ချိန် (၄၀) ရှိသော တာတိုပစ် နျူကလီးယား ဒုံးကျည်များ အပါအဝင် လက်နက်ခဲယမ်း တန်ချိန်(၄၀) အထိ တင်ဆောင်နိုင်ကြသည်။ ယခု လေယာဉ်အား RAF မှ F3 Tornado တိုက်လေယာဉ်များက ကြားဖြတ် ဟန့်တားခဲ့ရသလို ပြီးခဲ့သည့် နှစ်အတွင်း ရုရှား ဗုံးကြဲလေယာဉ်များသည် မိမိတို့ လေပိုင်နက်အတွင်း အကြိမ်(၂၀)ခန့် ဝင်ရောက်​ ခဲ့ကြောင်း RAF က စွပ်စွဲ ထားသည်။

မတ်လ (၁၀)ရက်နေ့က လီးဝစ်ကျွန်းရှိ စတော်နိုဝေး အနီးမှ ဝင်ရောက်လာသော ရုရှား ဗုံးကြဲလေယာဉ် ကိစ္စသည် ရုရှားက အနောက်ဘက် မဟာမိတ် နိုင်ငံများ၏ လက်နက် အင်အားအပေါ် စစ်အေး ကာလနောက်ပိုင်း တကျော့ပြန် အကဲစမ်း လာခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။ ထိုလေယာဉ်အား Tornado လေယာဉ် နှစ်စင်းက ခြေရာခံလိုက်ခဲ့ ကြခြင်း ဖြစ်ပြီး ထိုသို့ ဗြိတိန်လေပိုင်နက်ထဲ ထောက်လှမ်း ပျံသန်းစေမှုမှာ Blackjack ပိုင်းလော့တဦး ဖြစ်ခဲ့ဖူးသည့် ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်၏ အမိန့်တရပ် ဖြစ်နိုင်ကြောင်း သတင်း ထွက်နေသည်။

ယခုလ အစောပိုင်းက ပူတင်သည် ပဥ္စမမျိုးဆက် ဗုံးကြဲ တိုက်လေယာဉ်များ အောင်မြင်စွာ တီထွင်ခဲ့ပြီးနောက် ရုရှား အနေ နှင့် ခေတ်မီ လက်နက်များ တိုးချဲ့ တပ်ဆင်သင့်ပြီဟု တိုက်တွန်း ခဲ့သေးသည်။ ယခု Blackjack လေယာဉ်နှင့် ပတ်သက်၍မူ ရုရှားဖက်မှ တစုံတရာ မှတ်ချက် မပေးသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here