အရပ်အပုဆုံး လူသားအဖြစ် တရုတ် နှင့် နီပေါလ် နိုင်ငံသားတို့ ယှဉ်ပြိုင်ရမည်

alt

သေးငယ်သော ဂုဏ်တခု အတွက် ပြိုင်ဖက်နှစ်ဦး အကြီးအကျယ် ယှဉ်လုရမည့် အခြေအနေမျိုး ယနေ့ ကမ္ဘာတွင် ရောက်ရှိလာပြီ ဖြစ်သည်။

ကမ္ဘာ့ အရပ်အပုဆုံး လူသားဖြစ်သူ ဟီပင်ပင် ကွယ်လွန်သွားပြီး နောက် ယခုအခါ ယင်း၏ နေရာကို ဆက်ခံမည့် တရုတ်မှ အသက်(၂၂)နှစ် အရွယ် ဝူကန်နှင့် နီပေါလ်မှ ဆယ်ကျော်သက် ခါဂျန်ဒရာ သာပါတို့ ထိုနေရာအား ဗိုလ်လုရန် အပြိုင်အဆိုင် ဖြစ်လာနေကြပြီ ဖြစ်သည်။

ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် အရပ်အပုဆုံး လူသားအဖြစ် ဖော်ပြခံရသော အသက် (၂၁)နှစ် အရွယ် တရုတ်နိုင်ငံသား ပင်ပင်သည် ယခုလ အလယ်က အီတလီသို့ ရောက်ရှိနေစဉ် နှလုံး ဖောက်ပြန်မှု ဝေဒနာကြောင့် ကွယ်လွန်ခဲ့ရ ရှာသည်။

ယခုအခါ တရုတ်အရှေ့ပိုင်းမှ ဝူရော၊ နီပေါလ် သားလေး ခါဂျန်ဒရာ တို့ပါ အရပ်(၂၂)လက်မစီ မြင့်နေ ကြောင်း အဆို တင်သွင်းထားပြီး ဒိုင်များက အတည်ပြု မဆုံးဖြတ် ရသေးပေ။ ပင်ပင်၏ အရပ်မှာမူ (၂၇) လက်မ ရှိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here