ဆိုမာလီယာ ပင်လယ်ဓားပြ တဦးအား ကိုယ်ပိုင် အစောင့်တပ်ဖွဲ့ မှ ပစ်ခတ်သတ်ဖြတ်

alt

ကုန်သွယ် သင်္ဘောတစင်းတွင် လိုက်ပါလာသော ကိုယ်ပိုင် အစောင့် တပ်ဖွဲ့က ဆိုမာလီယာ ပင်လယ် ဓားပြ တဦးအား အသေ ပစ်ခတ်မှု

ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မတ်လ (၂၃)ရက်နေ့ ဖြစ်စဉ်အတွက် မည်သည့် ဖက်မှ စတင် ပစ်ခတ်ခြင်းကို အတိအကျ မသိရ သေးသော်လည်း ဆိုမာလီယာ ပင်လယ် ဓားပြ တဦးမှာ ကိုယ်ပိုင် အစောင့်တပ်ဖွဲ့ ပစ်ခတ်မှု ကြောင့် သေဆုံးမှုအနေနှင့် ပထမဆုံး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပနားမားအလံ လွှင့်ထူထားသော MV Almezaan သင်္ဘောက ချဉ်းကပ်လာသော ပင်လယ်ဓားပြ များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဓားပြများဖက်မှ လှော်တက်နှစ်ချောင်းနှင့် လှေတစင်း ကျန်ခဲ့ကြောင်း ဥရောပယူနီယံ ရေတပ်က ပြောကြားခဲ့သည်။ ပင်လယ်ဓားပြ များသည် လှေငယ် နှစ်စင်း၊ ပိုကြီးသော သင်္ဘောတစင်းဖြင့် ချဉ်းကပ် လာရင်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပိုကြီးသော သင်္ဘောမှာ ဝေလ်ငါးဖမ်း သင်္ဘောတစင်းဖြစ်ပြီး ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ တင်ဆောင်လာသည်ဟု ယူဆ ရကြောင်း MV Almezaan သင်္ဘောမှ ကပ္ပတိန်က ပြောကြားခဲ့သည်။ မိမိတို့သင်္ဘောမှ တုန့်ပြန် ပစ်ခတ်မှုကို ပင်လယ် ဓားပြများက မျှော်လင့်ခဲ့ဟန် မတူကြောင်း၊ တိုက်ခိုက်မှု ပြီးဆုံးချိန်တွင် ပင်လယ်ဓားပြများသည် လှေတစင်းကို စွန့်ခွာသွား သလို ရုပ်အလောင်း တလောင်းကို သယ်ယူသွားသည်ကို မြင်တွေ့ ခဲ့ရကြောင်းလည်း သိရှိရသည်။

ဥရောပယူနီယံ ရေတပ်ကမူ သိမ်းဆည်းရမိသော လှေတွင်ကျည်ဆန်ရာ ဗလပွဖြစ်နေကြောင်း ပြောကြားခဲ့သည်။ နောက်ပိုင်း တွင် သင်္ဘောထံမှ အကြောင်းကြား မှုကြောင့် ဥရောပယူနီယံ ရေတပ်မှ ရဟတ်ယာဉ်တစင်း ရောက်ရှိလာပြီး ထိုနေရာအနီး လိုက်လံ ရှာဖွေသော်လည်း ဓားပြလှေများကို မတွေ့မြင် ရတော့ကြောင်း သတင်း ရရှိသည်။ ဥရောပ ယူနီယံ ရေတပ်မှ ကွန်မန်ဒါ တဦးဖြစ်သူ ဂျွန်ဟာဘာက ယခုတုန့်ပြန် ပစ်ခတ်မှုကြောင့် ပင်လယ် ဓားပြများဖက်မှ လက်စားချေ မှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း လည်း ဝန်ခံ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here