ဂျူဗင်းတပ် အသင်းမှ ဒေးဗစ် ထရက်ဇီဂေး ထွက်ခွာဖွယ် ရှိနေ

alt

ဒေးဗစ် ထရက်ဇီဂေး အနေနှင့် ယခုနှစ်ရာသီကုန် တွင် ဂျူဗင်းတပ်မှ ထွက်ခွာရန် သေချာသလောက် ရှိနေကြောင်း ၄င်း၏အေးဂျင့်

အန်တိုနီယို ကာလီယန်ဒိုက ပြောကြားလိုက်သည်။

အသက် (၃၄)နှစ်ရှိ ပြင်သစ် လက်ရွေးစင်ဟောင်း တိုက်စစ်မှူး၏ ယခုနှစ် အခြေအနေသည် ပြင်းထန် ကြမ်းတမ်းနေပြီး အသင်းမှ ထွက်ခွာရန် တွန်းအား သဖွယ် ဖြစ်နေကြောင်း ကာလီယန်ဒိုက ဝန်ခံ ခဲ့သည်။

ဂျူဗင်းတပ်သည် ယခုနှစ် ဘောလုံးရာသီတွင် အခြေအနေ မကောင်းသောကြောင့် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ကြီးကြီးမားမား အပြောင်းအလဲများ ပြုလုပ်ဖွယ် ရှိနေရာ ထရက်ဇီ ဂေး အား အသင်းမှ ထွက်ခွာခွင့် ပြုဖွယ်ရန် ရှိနေသည်။

တချိန်က ဘာစီလိုနာ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသော ထရက်ဇီဂေးသည် ကစားသမားဘဝမှ အနားယူဖွယ် မရှိသေး ကြောင်း၊ အမေရိကန်တွင် ဘောလုံး သွားကစားရန် ရည်ရွယ်ထားကြောင်း ကာလီယန်ဒိုက ပြောကြားခဲ့သည်။ ထရက်ဇီဂေး ကို စပိန်ကလပ် ဗီလာရီးရဲလ် ကလည်း ဆက်သွယ်မှုများ ပြုလုပ်နေပြီး၊ ထရက်ဇီဂေးသည် ယခုနှစ်တွင် ဂျူဗင်းတပ်အတွက် (၂၅)ပွဲ ကစားပြီး (၁၀)ဂိုး သွင်းထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here