ဓားပေါင်းများစွာ သိမ်းထားသည့် အမေရိကန် တဦး အဖမ်းခံရ

alt

အမေရိကန် နိုင်ငံရှိ ဓားပေါင်း (၁၆၀၀)ကို သိမ်းထားသည့် လူတဦးအား ရဲက ဖမ်းဆီးလိုက် ကြောင်း သိရှိရသည်။

ချီကာဂိုတွင် နေထိုင်သူ တဦးသည် အမဲလိုက် ဓားမြှောင် (၄)ချောင်းဖြင့် တရားရုံး တခုသို့ ဝင်ရောက် ရန် အတင်းအကြပ် ကြိုးစားခြင်း ကြောင့် ရဲများက ဖမ်းဆီးလိုက်ရာမှ မီးခိုး ကြွက်လျှောက် ဇါတ်လမ်း စလာခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်း၏နေအိမ်ကို ဝင်ရောက် စစ်ဆေးရာ များပြားလှသော ဓားများကို တွေ့ရှိခဲ့ ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ယင်းပုဂ္ဂိုလ်သည် ပြည်ထောင်စုနှင့် ကွတ်ခရိုင် တရားသူကြီးများကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် တရားရုံးသို့ ရောက်လာခြင်းဟု အတည်ပြု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်း ပါတ်အကုန် ၎င်း၏နေအိမ်ကို ဝင်ရောက် စစ်ဆေးပြီးနောက် သိမ်းဆည်း ရမိလာသော ဓားများကို မတ်လ (၂၂)ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ကာ ပြသထား ကြောင်း ကွတ်ခရိုင် ရဲအရာရှိ တွမ်ဒတ်က ဆိုသည်။

ရဲများက ကီဗင်လောင်းဟု အမည် ဖော်ပြထားသော ယင်းပုဂ္ဂိုလ်အား တရားမဝင် လက်နက် ကိုင်ဆောင်မှု၊ အသုံးပြုမှု များဖြင့် အရေးယူထားပြီ ဖြစ်သည်။ ၎င်း၏ လုပ်ရပ်ကြောင့် ချီကာဂိုရှိ တရားခွင်ပေါင်း အနည်းဆုံး (၄၆)ခုကို ဆိုင်းငံ့ ထားလိုက် ရကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here