အာကာသ အလည်အပတ် ခရီးစဉ် လွန်းပျံယာဉ် စမ်းသပ်ပျံသန်း

alt

အနာဂတ်ကာလ အာကာသ အလည်အပတ် ခရီးစဉ်အတွက် ရည်ရွယ်ထားသော Virgin Galactic V​V​S အင်တာပရိုက် ၏

လွန်းပျံယာဉ်မှာ အစမ်းပျံသန်းမှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

V​V​S က ယင်းတို့၏ အာကာသယာဉ်​ အား တနင်္လာ​ နေ့ နံနက် ရနာရီ ၅မိနစ်တွင် ကယ်လီဖိုးနီးယား​ ရှိ မိုဂျာဗီ သဲကန္တာရပေါ်တွင် အောင်မြင်စွာ စမ်းသပ် ပျံသန်းခဲ့ပြီး ဖြစ်ကြောင်း ကြေညာ သွားခဲ့သည်။​ V​V​S​ သည် အနာဂတ်​ ကာလ လူလိုက်ပါနိုင်သော အာကာသ အလည်​ အပတ် ခရီးစဉ်များအတွက် အကောင်အထည် ဖော်နေပြီး ယင်း၏ Virgin Galactic နှင့် ပထမဆုံး အဖြစ် အာကာသသို့ လိုက်ပါရန် လူပေါင်း (၃၃၀)ခန့်က ကြိုတင် စာရင်းပေးထားပြီး ဖြစ်သည်။

Virgin Galactic ကို ဒေါ်လာ (၄၅)သန်း အကုန်အကျခံ တည်ဆောက်ထားပြီး လူတဦး အနေနှင့် စကြင်္ာဝဠာ အလည်​ အပတ် ခရီးတကြိမ်အတွက် ဒေါ်လာနှစ်သိန်းမျှ ကျသင့်မည်ဟူ သိရှိရသည်။ စိတ်ကူးယဉ် ဆန်သော ယခုလုပ်ငန်းကို အကောင်အထည် ဖော်ခဲ့သည့် ရစ်ချတ် ဘရန်ဆန် က မိမိအနေနှင့် ဖြစ်နိုင်မည်ဟု ယုံကြည်စိတ်ကြောင့် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ V​V​S အင်တာပရိုက်မှ ပထမဆုံး အာကာသ အလည်အပတ် ခရီးစဉ်ကို ပထမအကြိမ် စတင် ပေးပြီးသည့်အခါ လုပ်ငန်းများ ပိုမို အောင်မြင်မည်ဟု ယုံကြည်ထားကြောင်း ပြောကြား သွားခဲ့သည်။

သို့သော်လည်း Virgin Galactic ၏ စီးပွားဖြစ် ပျံသန်းမှုကို (၂၀၁၂)ခုနှစ်မှ စတင်မည်ဖြစ်ပြီး နယူးမက္ကစီကို ပြည်နယ်မှ စတင်ပျံသန်း ထွက်ခွာမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here