ပြင်သစ် သမ္မတ ဆာကိုဇီ ရွေးကောက်ပွဲ အကြို လူထုဆန္ဒ စစ်တမ်းတွင် အခြေအနေ မလှ

alt

ရွေးကောက်ပွဲ အကြို လူထုဆန္ဒ ကောက်ခံမှု စစ်တမ်းများတွင် အကြီးအကျယ် အခြေအနေ ဆိုးခဲ့ပြီး နောက် ပြင်သစ် သမ္မတ နီကိုလတ်

ဆာကိုဇီသည် အစိုးရ အဖွဲ့အား ပြောင်းလဲမှုများ စတင် ပြုလုပ်နေပြီဟု သိရှိရသည်။

၎င်းသည် အလုပ်သမား ဝန်ကြီးအား ထုတ်ပယ်လိုက်ပြီး အစိုးရ အဖွဲ့အတွင်း နေရာ အတော်များများ ကိုလည်း အရွှေ့အပြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အလုပ်သမားဌာန ဝန်ကြီး ဇာဗီးယား ဒါကော့သည် အနောက်ပိုင်း အာကွီတာနီ ဒေသ အကြို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ရာထူးကို စွန့်လွှတ် လိုက်ရခြင်း ဖြစ်သည်။

ထို့အပြင် ဒေသတွင်း အကြိုဆန္ဒ ကောက်ခံမှု ရွေးကောက်ပွဲငယ် များတွင် ရှုံးနိမ့်ခဲ့သည့် အစိုးရ အဖွဲ့ဝင် (၂၀) တို့မှာလည်း နေရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည်။ မတ်လ (၂၁)ရက်နေ့က ပြုလုပ် သည့် ဒေသတွင်း ရွေးကောက်ပွဲငယ် များက သမ္မတ ဆာကိုဇီ အနေနှင့် နောက်တကြိမ် ရွေးကောက်ပွဲ တွင် ရုန်းကန်ရမည့် အခြေအနေမျိုးအား ညွှန်ပြလျှက် ရှိပြီး ဆာကိုဇီ ၏ပြိုင်ဖက် IMF အကြီးအကဲ ဒေါမနစ် စတူးရက်ခန်း အပေါ် လူထု ထောက်ခံမှု ပိုမိုမြင့်တက် လာခဲ့သည်။

ပြင်သစ် ရွေးကောက်ပွဲကို (၂၀၁၂) ခုနှစ်တွင်မှ ကျင်းပမည် ဖြစ်သော်လည်း ဒေသတွင်း အကြို ရွေးကောက်ပွဲ များသည် လက်ရှိ အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှု ကျဆင်းနေသည်ကို ညွှန်ပြလျှက် ရှိကြောင်း လေ့လာသူ များက ပြောကြား ညွှန်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here