မသန့်ရှင်းသည့် ရေရှိပိုးမွှား အန္တရာယ်​၊ စစ်ပွဲထက် ကြောက်စရာ​ ကောင်း

alt

ကမ္ဘာပေါ်တွင် စစ်ပွဲများကြောင့် သေဆုံးရသူ အရေအတွက်ထက် မသန့်ရှင်းသော၊ ပိုးမွှား အန္တရာယ် မကင်းသော ရေကို သောက်မိသဖြင့်

သေဆုံးရသူ အရေအတွက်က ပိုမိုများပြား နေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတိပေး ပြောကြား လိုက်သည်။

ကုလသမဂ္ဂ ကလေးများဆိုင်ရာ အေဂျင်စီ UNICEF က အာဖရိကတိုက် အနောက်ပိုင်းနှင့် အလယ်ပိုင်း မှ စုစုပေါင်း လူဦးရေ၏ (၃၉) ရာခိုင်နှုန်း​ နှင့် ညီမျှသော လူပေါင်း (၁၅၅)သန်း ခန့်သည် မသန့်ရှင်းသော ရေကြောင့် ဖြစ်ရသော ရောဂါများဖြင့် သေဆုံး ခဲ့ရသည်ဟု အတည်ပြုခဲ့သည်။ 

UNICEF က ယင်းဒေသရှိ ဆင်းရဲ နွမ်းပါးသော နိုင်ငံ (၂၄)ခု အနက် (၈)ခုသာ (၂၀၁၅)ခုနှစ် အမီ လျာထားချက် အတိုင်း ဆင်းရဲမှုကြောင့် မလိုလားအပ်သော သေဆုံးမှုများ လျော့ကျစေမည့် စီမံကိန်းကို အကောင်အထည် ဖော်နိုင်ဖွယ် ရှိနေ​သည်​ ဟု မှတ်ချက်ပြုခဲ့သည်။ (၁၉၉၀) မှ (၂၀၀၈)ခုနှစ် အထိ စာရင်းများအရ မသန့်ရှင်းသော ရေကြောင့် သေဆုံးသူ အရေ​ အတွက်​သည် (၁၂၆)သန်း မှ (၁၅၅)သန်း အထိ မြင့်တက်လာကြောင်း UNICEF ကဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဟီလာရီ ကလင်တန် ကိုယ်တိုင်ကလည်း အနာဂတ်ကမ္ဘာ၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်း​မှု​သည် သောက်သုံးရေ သန့်ရှင်းမှု အပေါ်တွင်လည်း တစိတ်တဒေသ မူတည်နေကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့​ ဖူးသည်။ နိုင်ငံ အစိုးရများ အနေနှင့် စီးပွားရေး ကောင်းမွန်ပြီး နိုင်ငံအတွင်း သောက်သုံးရေ သန့်ရှင်းမှု စီမံကိန်းများ အလေးထား ဆောင်ရွက် ပေးနိုင်ခြင်း ရှိလာစေရန် လိုအပ်ကြောင်း၊ လူသား တဦးချင်းစီ၏ မလုံခြံုမှုသည် နိုင်ငံတခု၏ မလုံခြံုမှု၊ ထိုမှတဆင့် ကမ္ဘာတခုလုံး၏ မလုံခြံုမှုအဖြစ် သတ်မှတ်နိုင်ကြောင်း ဟီလာရီက ပြောကြားခဲ့သည်။

UNICEF ကမူ အဓိကအားဖြင့် အာဖရိကတိုက် အလယ်ပိုင်းတွင် သန့်စင်သော ရေ အရင်းအမြစ် ဖော်ထုတ် ပေးနိုင်ရေးမှာ ၎င်းတို့အတွက် အကြီးမားဆုံး စိုးရိမ်ပူပန်စရာ ကိစ္စအဖြစ် တည်ရှိနေဆဲ ဖြစ်ကြောင်း ဝန်ခံပြောဆို ထားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here