မလေးရှား မိန်းမလျာများ ရုပ်ရှင် ဇာတ်လမ်းတွင် သရုပ်ဆောင်ခွင့် ရဖွယ်​ ရှိနေ

alt

မလေးရှား နိုင်ငံရှိ Gay များကို ရုပ်ရှင် ဇာတ်လမ်းများတွင် ပါဝင် သရုပ်​ ဆောင်​ခွင့် ပေးလာဖွယ် ရှိနေကြောင်း သိရှိရသည်။

မလေးရှား ဆင်ဆာအဖွဲ့သည် ကာလ ရှည်ကြာစွာ ၎င်းတို့ တားမြစ်ခဲ့သည့် ကိစ္စအား မကြာမီ ခွင့်ပြုသွားဖွယ် ရှိနေခြင်းကြောင့် ရုပ်ရှင် ဖန်တီးသူ​ များသည် လိင်တူချင်း ချစ်သူဖြစ်သည့် ဇာတ်ကား​ မျိုး​ကို ပထမဆုံး ရိုက်ကူးပြသခွင့် ရှိလာ​တော့မည် ဖြစ်သည်။

မွတ်ဆလင် နိုင်ငံတခု ဖြစ်သော မလေးရှားတွင် ရုပ်ရှင် ရိုက်ကူးခွင့် အတွက် တင်းကြပ်သော ဆင်ဆာ စည်းမျဉ်းများအား သတ်မှတ်ထားပြီး ဖြစ်သည်။ အသစ် ပြဌာန်းမည့် ဆင်ဆာ သတ်မှတ်ချက် များတွင်မူ ပထမဆုံး အကြိမ်အဖြစ် လိင်တူချင်း ချစ်ကြိုက်သော ဇာတ်ဝင်ခန်းများ ပြသခွင့် ပြုတော့​ မည်ဟု မလေးရှား ရုပ်ရှင် ပရိုဂျူဆာအဖွဲ့ ဥက္ကဌ အာမက် ပေါက်အိုနာ က ပြောကြားခဲ့သည်။

မလေးရှား ဆင်ဆာအဖွဲ့ ကလည်း ထိုကိစ္စအား အတည်ပြုခဲ့ပြီး ယင်း ကဲ့သို့သော ဇာတ်ဝင်ခန်းများမှ အကောင်းရော၊ အဆိုး​ ပါ သင်ခဏ်းစာ ယူနိုင်မည်ကို မျှော်လင့်ကြောင်း၊ ဥပမာ အားဖြင့် Gay တဦးမှ ဖြောင့်မတ် တည်ကြည်သော ယောက်ျား​ ကောင်းတဦး အဖြစ် ပြောင်းလဲသွားသည့် ဇာတ်ကားမျိုးသည် ပရိသတ် အတွက် အကျိုးရှိမည်ဟု မျှော်လင့်ကြောင်း ဆင်ဆာ​ အဖွဲ့မှ တာဝန်ရှိသူ တဦးက AFP သတင်းဌာနသို့ ပြောကြားသွားခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here