အိုက်စလန်ကျွန်း မီးတောင် ပေါက်ကွဲမှု ဖြစ်ပါက ကမ္ဘာ့ ရာသီဥတု အလွန် ဆိုးရွားနိုင်

alt

အိုက်စလန် ကျွန်းကြီးတွင် မီးတောင် ပေါက်ကွဲမှု ဖြစ်လာပါက ကမ္ဘာ့ ရာသီဥတုကို ဆိုးရွားစွာ မညီမျှမှု များ ဖရိုဖရဲ ဖြစ်ပေါ်လာစေ

နိုင်ကြောင်း ပညာရှင်များက ခန့်မှန်း ပြောကြားလိုက်သည်။

မတ်လ (၂၂)ရက်နေ့က အိုက်စလန် ကျွန်းရှိ ကက်တလာ မီးတောင်အနီး ချော်ရည်များ ပန်းထွက်လာ သလို ချော်ခဲများ၊ ချော်ပြာများ လွင့်စင် ခဲ့သောကြောင့် ကြီးမားသော မီးတောင် ပေါက်ကွဲမှုကြီး တခု ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ သိပ္ပံ ပညာရှင်များက အေယာဖီယာ ပလာယာကူ မီးတောင်ကြီး ပေါက်ကွဲခဲ့သည့် သမိုင်းကြောင်း ကလည်း ကက်တလာ၏ ပေါက်ကွဲချိန်မှာ အနှေးနှင့်အမြန် ဖြစ်လာ နိုင်ကြောင်း သတိပေးထားသည်။

ကက်တလာသည် ကမ္ဘာ၏ ကြီးမားသော မိုင်ဒယ်ဂျိုကူ ရေခဲပြင်ကြီး အပေါ်၌ တည်ရှိနေပြီး ယင်းသာ ပေါက်ကွဲခဲ့ပါက အလွန်ပမာဏ များပြားသည့် ရေကြီး ရေလျံမှုများ ဖြစ်ပေါ်လာဖွယ် ရှိနေခဲ့ပြီ ဖြစ်သည်။ မတ်လ (၂၁)ရက်နေ့က အေယာဖီယာ ပလာယာကူ မီးတောင် ဟောင်း အနီးမှ လူပေါင်း အနည်းဆုံး (၅၀၀)မျှကို နှစ်ပေါင်း (၂၀၀)ကျော် အတွင်း အာဏာပိုင်များက ပထမဆုံး အကြိမ်အဖြစ် အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရသည်။

ထို့အပြင် ကက်တလာ မီးတောင် အနီးတဝိုက် လယ်ယာ စိုက်ပျိုးရေး နယ်မြေ(၁၄)ခုမှ လူများကိုလည်း ကြိုတင် ရှောင်တိမ်းထားရန် နှိုးဆော်ထားသည်။ ပညာရှင်များသည် ယခုအခါ ငလျင်လှုပ်ခြင်း ကဲ့သို့ မီးတောင်လှုပ်ရှား တုန်ခါမှုများကို လေ့လာနေပြီး မီးတောင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခြင်း ရှိ/မရှိကို ကြိုတင် မခန့်မှန်းနိုင်သေးကြောင်း ပြောဆိုလိုက်သည်။

ကမ္ဘာ့ မြောက်ခြမ်းတွင် တည်ရှိသော အိုက်စလန်သည် ကမ္ဘာပေါ်တွင် အအေးဆုံး ဒေသတခု ဖြစ်ပြီး (၁၇၈၃)ခုနှစ် က လာကီမီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များသည် မြူနှင်းအဖြစ် ပြောင်းလဲသွားရာ (၁၇၈၄)ခုနှစ် ဆောင်းရာသီအား မြောက် အမေရိက၏ သမိုင်းတလျှောက် အအေးဆုံးနှင့် အရှည်ကြာဆုံး ဆောင်းရာသီ အဖြစ် မှတ်တမ်း ဝင်သွားအောင် ရာသီဥတု ဖောက်ပြန်မှုများ ပေါ်ပေါက် စေခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here