အမေရိကန်တွင် လူသုံး အများဆုံး ဝဘ်ဆိုဒ် အဖြစ် Facebook ရပ်တည်​ လာ

alt

စတင် တည်ထောင်ပြီး (၄)နှစ်ကျော် ကြာမြင့်ချိန်တွင် Facebook သည် Google အား ပထမဆုံး အကြိမ် ကျော်ဖြတ်ကာ

အမေရိကန် ပြည်ထောင်စု၏ လူသုံးအများဆုံး ဝဘ်ဆိုဒ်​ အဖြစ်သို့ ရောက်ရှိလာခဲ့သည်။

မတ်လ (၁၃)ရက်နေ့ အထိ ကောက်ခံထားသော စာရင်းများအရ ကမ္ဘာကျော် Social Networking ဝဘ်ဆိုဒ်သည် တနှစ်အတွင်း အမေရိကန်၏ အင်တာနက် Traffic ပမာဏတွင် Google အား ကျော် ဖြတ်သွားပြီဟု သိရှိရသည်။

ယခုအခါ ပုံမှန် User ပေါင်း သန်း(၄၀၀)ကျော် ရှိလာသည့် Facebook သည် လူအများအတွက် YouTube နှင့် Gmail တို့ထက် ဆွဲဆောင်မှု ပိုမို ကောင်းမွန်နေကြောင်း လေ့လာသူများက ဆိုသည်။ ယမန်နှစ်က Traffic ပမာဏထက် အမေရိကန်တွင် Facebook အား ဝင်ရောက် သုံးစွဲမှုသည် (၁၈၅)ရာခိုင်နှုန်း တက်လာသော်လည်း Google မှာမူ (၉) ရာခိုင်နှုန်းသာ တက်လာခဲ့သည်။

Facebook သည် အောင်မြင်မှုများ ဆက်လက် ရရှိနေပြီးနောက် ကမ္ဘာအနှံ့တွင် ရုံးခန်းသစ်များ ဖွင့်လှစ်ကာ လုပ်ငန်း တိုးချဲ့လျှက်ရှိပြီး အင်တာနက် User များ၏ စိတ်ဝင် စားခြင်း ခံရမှုသည်လည်း မြင့်မားနေဆဲ ဖြစ်သည်။ လေ့လာသူများ၏ အဆိုအရ Facebook ၏ အောင်မြင်မှုသည် လာမည့် နှစ်ပိုင်းတွင် ပိုမိုတိုး တက်လာဖွယ် ရှိနေသေး ကြောင်းလည်း သိရှိ​ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here